ပါဝင်ပစ္စည်းများ

ကင်ချီ – ၄၅၀ ဂရမ်

ဝက်သား – ၂၃၀ ဂရမ်

ရေ – ၄၇၀ မီလီလီတာ

ကင်ချီ အရည် – ၆၀ မီလီလီတာ

ပဲပြားအသေး – ၁ တုံး

ကြက်သွန်မြိတ် – ၃ ပင်

ငရုပ်သီးမှုန့် – ၁ ဇွန်း (စားပွဲတင်ဇွန်း)

ငရုပ်သီးအနီတောင့် – ၁ တောင့်

နှမ်းဆီ – ၂ ဇွန်း (စားပွဲတင်ဇွန်း)

ကြက်သွန်ဖြူ – ၆ မွှာ

ဆား + ငရုပ်ကောင်းမှုန့် – (အနည်းငယ်)

ပြင်ဆင် ပြုလုပ်နည်း

ပထမဆုံး ဝက်သားကို ရေဆေးကာ အနေတော် အရွယ် အတုံးလေးများတုံးပြီး ပန်းကန်တစ်ခုထဲသို့ ထည့်၍ ကြက်သွန်ဖြူ ၃ မွှာကို ခပ်နုပ်နုပ်လေးများ ဖြစ်အောင် ဓားဖြင့်စဉ်းပြီး ထည့်ပါ။ နှမ်းဆီ တစ်ဇွန်း နှင့် ဆား၊ ငရုပ်ကောင်းမှုန့် အနည်းငယ်စီ ထည့်ပြီး ဝက်သားကို နယ်ထားကာ ၁၀ မိနစ်ခန့်နှပ်ထားပါ။

ထို့နောက် ဒယ်အိုး တစ်ခုထဲသို့ နှမ်းဆီ တစ်ဇွန်း ထည့်ပြီး ဝက်သားများကို ၃ မိနစ်ခန့် ထည့်ကြော်ပါ။ ကင်ချီထည့်ပါ (ကင်ချီသည် အနည်းငယ် ချဉ်နေပြီးသော ကင်ချီ ဖြစ်ရပါမည်။) ငရုပ်သီးမှုန့် ၁ ဇွန်း ထည့်ပြီး ၃- မိနစ်ခန့် ကြော်ပါ ။ မွှေးလာပါက ရေကို ပါဝင် အချိုးအစား အတိုင်း ထည့်ပါ။ ကင်ချီ အရည်ပါ ထည့်ပြီး ကျန်ရှိနေသည့် ကြက်သွန်ဖြူ ၃မွှာကို နုပ်နုပ်စဉ်း ထည့်ပါ။ ဆား အနည်းငယ် ထည့်၍ အဖုံးပိတ်ပြီး ၁၀-မိနစ်ခန့် မီး တစ်ဝက်ချပြီး ပေါင်းပါ။

၁၀-မိနစ်ပြည့်ပါက ပဲပြားကို အပြားလိုက် လှီးထည့်ပြီး ၅ မိနစ်ခန့် အဖုံး ပြန်ပိတ်ထားပါ ။ ထို့နောက် ကြက်သွန်မြိတ် လှီးထည့်၍ ငရုပ်ကောင်းမှုန့် အနည်းငယ် ဖြူ းကာ ငရုပ်သီးစိမ်းကို ခပ်ပါးပါးလှီးထည့်ပါ။ (စပ်စပ်လေး သောက်ချင်ပါက ငရုပ်သီးစိမ်းပိုပြီး လှီးထည့်နိုင် ပါသည်။) ၂ မိနစ်ခန့် အဖုံးအုပ်၍ တည်ထားပြီး အရသာမြည်းကာ အသင့် စားသုံးနိုင်ပါသည် ။ (ကိုရီးယား ရိုးရာ ဟင်းပွဲဖြစ်ပြီး ချဉ်ချဉ်စပ်စပ် အရသာ ရှိကာ အလွန်သောက်လို့ ကောင်းလှပါသည်။)

Credit: ဇွဲသုသု