အလွယ်ကူဆုံး ကင်ချီ (Kimchi) လုပ်နည်းပါ ။

ကိုရီးယား အစားအစာထဲမှာ ကင်ချီက မပါမဖြစ်ပါ ။  ကင်ချီ အမျိုးပေါင်း ၁၀၀ ကျော် ၂၀၀ ရှိပါတယ် ။  မုန်ညှင်းကင်ချီ ၊ပဲပြားကင်ချီ ၊ ကြက်သွန်မြိတ်ကင်ချီ ၊ သခွားသီးကင်ချီ ၊ ဂေါ်ဘီကင်ချီ ၊ မြောက်များစွာရှိတဲ့ အထဲမှ ကင်ချီဆိုလျှင် မုန်ညှင်းထုပ် (Long Cabbage) ဖြင့် ပြုလုပ်သော ကင်ချီကို လူသိများ လှပါတယ် ။  အခုကျွန်တော် အလွယ်ကူဆုံး မုန်ညှင်း ကင်ချီပြုလုပ်နည်း ပြမှာ ဖြစ်ပါတယ် ။

ကင်ချီလုပ်နည်းက တစ်ယောက်နှင့် တစ်ယောက် မတူကြပါဘူး ။  ဒါက ကျွန်တော့်ဆိုင်မှာ ကိုယ်တိုင် ပြုလုပ်သည့် နည်းပါ ။300 ml Spoons တွေက ကီလို 20 kg အတွက် 2 Spoons ပါ ။  တစ်ကယ်လို့ Cabbage 10kg ပဲ လုပ်မယ်ဆိုရင် 2 Spoons. နေရာတွေ အားလုံးမှာ 1-Spoon အဖြစ် အစားထိုးလို့ ရပါတယ် ။  ကျန်တဲ့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကိုတော့ မျက်မှန်းဖြင့် မှန်းထည့်ပါ ။

ပါဝင်ပစ္စည်းများ

  • မုန်ညှင်းထုပ် Cabbage – 20 kg
  • ကိုးရီးယား ငရုတ်သီးမှုန့် Korean Chilli Powder – 1 kg
  • သကြား Sugar -2 (300 ml Spoons)
  • ငါးငံပြာရည် Fish Sauces – 2 (300 ml Spoons)
  • သစ်တော်သီး China pearl. -1 pcs
  • ငရုပ်သီးအနီ Red Chilli – 400 g
  • ဂျင်း Ginger -150 g
  •  ကြက်သွန်ဖြူ Garlic – 700 g
  • ငါးနီတူငါးခြောက် Anchovies Water-2 (300 ml Spoons)

ပြုလုပ်နည်း

ပထမဦးစွာ မုန့်ညှင်းထုပ်အား ပုံတွင် ပြထားသည့် အတိုင်း နှစ်ခြမ်းခွဲပါ။ ထိုနှစ်ခြမ်းကို တစ်ဝက်စီ လေးခြမ်းဖြစ်အောင် ခွဲပေးပါ။ ထို့နောက် လက်သုံးလုံးလောက် အကွာအဝေးစီ ကန့်လန့်ဖြတ် အသေးလေးတွေ ဖြစ်အောင် လှီးပါ။

လှီးထားသော မုန်ညှင်းများအား သင့်တင့်သလောက် ဆားဖြူးပြီး နယ်၍ ၂-နာရီကြာအောင် နှပ်ထားပါ။ ထို့နောက် ရေဖြင့် စင်အောင် ၂-ကြိမ်ဆေးပြီး ဇကာဖြင့် ရေစင်အောင် စစ်ထားပါ။

မုန်လာဥအနီ နှင့် အဖြူတို့အား ဂျစ်ဖြင့် အချောင်းလေးတွေ ဖြစ်အောင် ခြစ်ထားပါ။ ကင်ချီကာလာစုံအောင် ထည့်ခြင်း ဖြစ်ပါသည်။ မထည့်လျှင်လည်း ရပါသည်။

အထက်တွင် ဖော်ပြထားသော ပါဝင်ပစ္စည်းများအား ဇလုံထဲတွင် ထည့်ပါ။ China Pearl (သစ်တော်သီး)၊ ငရုပ်သီးအနီ၊ ဂျင်း၊ ကြက်သွန်ဖြူ တို့အား ကြိတ်စက်(blunder) ထဲသို့ ထည့်ပါ။

ထို့နောက် Anchovies (ငါးနီတူ) ငါးခြောက်လေးများ အား ပြုပ်ထားသော အရည်ထည့်ပြီး ကြိတ်ဆက်ဖြင့် အားလုံးကို ကြိတ်ပေးပါ။

ထို့နောက် ဇလုံထဲသို့ အားလုံး ထည့်၍ သမအောင်မွှေပြီး ကင်ချီဆော့ ပြုလုပ်ပေးပါ။  ထိုကင်ချီဆော့ ထဲသို့ ဇကာဖြင့် ရေစစ်ထားသော မုန်ညှင်း များအား ထည့်၍ သမအောင် မွှေပြီး ဗူးအလွတ်၊ ပုလင်းအဝကျယ် အလွတ်ထဲသို့ ထည့်၍ စားသုံးနိုင်ပါသည်။

ကင်ချီများအား ရေခဲသတ္တာထဲတွင် ထည့်၍ ထားပါ။ ကြာရှည်စွာ စားသုံးလို့ ရပါသည်။

Credit: ဇွဲသုသု