ကိုရီးယား မုန်လာဥဖြူ ကင်ချီသည် ကိုရီးယား လူမျိုးများ အတွက်မရှိမဖြစ် အရသာရှိလှသည့် အရံ အစားအစာ တစ်ခုဖြစ်ပါသည်။ မြန်မာလူမျိုးများအတွက် တို့စရာ(မုန်လာဥဖြူ ကင်ချီ) အဖြစ် အရသာရှိစွာ စားသုံးနိုင်ပါသည်။
ပါဝင်ပစ္စည်းများ
- မုန်လာဥဖြူ – ၁ ကီလိုခွဲ (အတုံးလေးတွေလှီးထားပါ)
- Korea Chili Powder – ၄ ဇွန်း (စားပွဲတင်ဇွန်း)
- မုန်လာဥဖြူ နယ်အရည် – ၆ ဇွန်း (စားပွဲတင်ဇွန်း)
- ဆား – ၂ ဇွန်း (စားပွဲတင်ဇွန်း)
- သကြား – ၂ ဇွန်း (စားပွဲတင်ဇွန်း)
- ငါးငံပြာရည် – ၄ ဇွန်း (စားပွဲတင်ဇွန်း)
- ကြက်သွန်ဖြူ – ၆ မွှာ (နုပ်နုပ်စင်းထားပါ)
- ဂျင်း – လက်တစ်ဆစ်ခန့် (နုပ်နုပ်စင်းထားပါ)
- ကြက်သွန်မြိတ် – အနည်းငယ် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း
- ပထမဦးစွာ မုန်လာဥဖြူ များကို ပုံတွင်ဖော်ပြထားသည့်အတိုင်း အတုံးလေးတွေဖြစ်အောင် လှီးပါ။
- ထို့နောက် ဆား စားပွဲတင်ဇွန်း ၂ ဇွန်း ၊ သကြား စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ကာ နှံ့အောင်နယ်ပြီး နာရီဝက်ခန့် ကြာအောင် နှပ်ထားပါ။ (အရည်များ ထွက်လာပါက စစ်ထားပြီး ပန်းကန်လုံး တစ်ခုထဲသို့ လောင်းထည့်ထားပါ။)
- အရည်စင်အောင် စစ်ထားသည့် မုန်လာဥဖြူ ထဲသို့ ကြက်သွန်ဖြူ ၆- မွှာအား နုပ်နုပ်စင်းပြီး ထည့်ပါ။ ကြက်သွန်မြိတ် အနည်းငယ်ကို ပါးပါးလှီး ထည့်ပါ။ ဂျင်း လက်တစ်ဆစ်ခန့် (နုပ်နုပ်စင်းထားပါ) ထည့်ပါ။
- ပြီးနောက် ကိုရီးယား ငရုပ်သီးမှုန့်၊ ငါးငံပြာရည် ထည့်ပြီး၊ အရည်များ စစ်ထား သည့် မုန်လာဥဖြူရည် ထည့်ကာ နှံ့အောင် မွှေပြီး အဝကျယ် ပုလင်းတစ်ခုထဲသို့ လေမဝင်အောင် သိပ်ထည့်ပါ။
- ထို့နောက် အခန်း အပူချိန်ဖြင့် အပြင်တွင် ၂ ရက်ခန့် ထားပြီး အသင့်စားသုံးနိုင်ပါသည်။
Credit: ဇွဲသုသု