ကျွန်တော့်အစ်မ တစ်ယောက်တောင်းဆိုထားလို့ Korean BBQ-Pork (Dwaejibulgogi) ပြုလုပ်နည်းလေး ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား – ၄၅၀ ဂရမ်
  • ပန်းသစ်တော်သီး – ၁ ခြမ်း (အလုံးသေး)
  • ကြက်သွန်ဖြူ – ၄ မွှာ
  • ကြက်သွန်နီ – ၁ လုံး (အနေတော်)
  • ဂျင်း – ဇွန်းဝက် (လဖက်ရည်ဇွန်း)
  • ပဲငံပြာရည်အကြဲ – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြားရည် Syrup – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • နှမ်းဆီ – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုပ်ကောင်းမှုန့် – အနည်းငယ်
  • ငရုပ်သီးမှုန့် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ကိုရီးယားငရုပ်အနှစ် – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ဝိုင်ဖြူ White Wine – ၂ ဇွန်း (စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ဝက်သားက (Sirloin) သားရရင် ကောင်းပါတယ် ။ ခပ်ပါးပါးလှီးပြီး ဇလုံတစ်ခုထဲ ထည့်ထားပါ ။ ပါဝင်ပစ္စည်းများဖြစ်သည့် ပန်းသစ်တော်သီး ၊ ဂျင်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့ကို ကြိတ်စက် (Blender) ထဲထည့်မွှေ့ ပါ ။
  2. ပန်းကန်လုံး တစ်ခုထဲသို့ လောင်းထည့်ပြီး အခြားပါဝင်ပစ္စည်းများကို ဖော်ပြထားသည့် အချိုးအစားအတိုင်း ထည့်၍နှံ့အောင်ရောမွှေပေးပါ ။
  3. ထို့နောက် လှီးထားသည့် ဝက်သားများထည့်ပြီး သမအောင် ရောနှယ်၍ ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၂ နာရီ မှ ၄ နာရီ ကြားနှပ် ထားပြီး ပုံတွင်ပြထားသည့် BBQ Plate ပေါ်တွင်တင်ပြီး (ကင်ပြီး) အရသာရှိစွာ စားသုံးနိုင်ပါသည် ။
  4. ကင်ထားသည့် ဝက်သားကို ဆလက်ရွက် ဖြင့်ထုပ်၍ ဆော့အနည်းငယ် မျှထည့်ကာစားသုံးရပါသည် ။ စားပွဲပေါ်တွင်ချပေးထားသည့် ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်းများကိုလည်း ကြိုက်နှစ်သက်ပါက ထည့်ပြီးစားသုံးနိုင်ပါသည် ။

ဆော့စ် ပြုလုပ်ပုံ

  • ကိုရီးယား ပဲ အနှစ် – ၃ ဆ
  • ကိုရီးယား ချီလီ အနှစ် – ၁ ဆ
  • Corn-Syrup (မရှိရင်) ပျားရည် – ၁ ဆ
  • သကြား – အနည်းငယ်
  • ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်းအနည်းငယ်ခန့်တို့ကို ရောကြိတ်ပြီးမွှေပေးပါက ဆော့စ်ရပါပြီ ။ကျေးဇူးတင်ပါသည်။Credit: ဇွဲသုသု