ချက်စားရ လွယ်ကူပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ Korean Ginseng Chicken ချက်နည်းလေးပါ။ ဆေးဖက်ဝင်တဲ့ ပါဝင်ပစ္စည်းတွေ အများကြီးပါဝင်လို့ ကျန်းမာရေးအတွက် အလွန်သင့်တော်မှုရှိလှပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက် တစ်ကောင် 1 Whole Chicken (700 g)
- ဂျင်စင်မြစ် ၃ ချောင်း Ginseng Roots- 3 Pcs
- ကောက်ညှင်းဆန် ၄ ဇွန်း (ထမင်းစားဇွန်း) Glutinous Rice 4 Tablespoons
- ကြက်သွန်ဖြူ ၄ မွှာ Garlic – 4 Pcs
- စလေဇီးသီး အခြောက် Jujube (Red Dried)
ပြုလုပ်နည်း
- ပထမဦးစွာ ကြက်တစ်ကောင်လုံးကိုရေစင်အောင်ဆေးပါ။ ဗိုက်ထဲမှ သွေးခဲနှင့် အညစ်အကြေးများကို ပြောင်နေအောင် စိတ်ရှည်ရှည်ဖြင့် ဆေးပါ ။ သွေးခဲများကျန်နေလျှင် Soup အရောင်မလှတော့ပဲ မဲညစ်ညစ်အရောင်ဖြစ်သွားပါလိမ့်မည်။
- သန့်စင်ပြီးကြက်သားဝမ်းဗိုက်ထဲသို့ Gensing Root တစ်ချောင်းထည့်ပါ။ ကျန်သည့် ဂျင်စင်းအမြစ်များကို ကြက်သားပြုပ်သည့် အိုးထဲ အတူ ထည့်ပြုပ် ရပါမည်။
- ထို့နောက် ကြက်ဝမ်းဗိုက်ထဲ့သို့ Glutinous Rice ကောက်ညှင်းဆန် လေးဇွန်း ၊ ကြက်သွန်ဖြူ ၊ စလေဇီးသီး အခြောက် ထည့်ပါ ။
- ထို့နောက် ကြက်ဝမ်းဗိုက် အရေပြားအား ဟိုဘက် ဒီဘက် ထုတ်ချင်းဖောက်၍ ကြက်ခြေထောက်နှစ်ချောင်းအား ကြက်ခြေခတ်ပုံ ချိတ်၍ ပိတ်ပါ ။ (မလုပ်တက်လျှင် ကြက်ခြေထောက်နှစ်ချောင်းအား ကြိုးဖြင့် ချည်ပြီး ဗိုက်ထဲက အစာများ ထွက်မကျအောင် ပိတ်ပါ ။)
- ထို့နောက် ကြက်ပေါင်းမည့် မြေအိုး ၊ ဒန်အိုး သင့်တော်ရာထဲသို့ ထည့်၍ ကြက်သားရေမြုပ်အောင် ထည့်၍ ၄၅-မိနစ် ကြာအောင် ပေါင်းပေးပါ ။
- ထို့နောက်(ဆား ၊ ငရုပ်ကောင်းမှုန့်) ထည့်၍ အပေါ့ အငံမြည်းပြီး ပုံတွင် ပါသည့် အတိုင်း ထည့်၍ စားသုံးနိုင်ပါသည် ။
Credit: ဇွဲ သုသု