ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး – ၅၀၀ ဂရမ်(ကီလိုဝက်)
  • ကိုရီးယားငရုပ်အနှစ် – ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ – ၅ မွှာ
  • ကြက်သွန်နီ – ၂ လုံး
  • ကြက်သွန်မြိတ် – (အနည်းငယ်)
  • ငံပြာရည် (Soy Sauce Light) – ၂ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား – ၂ ဇွန်း(စားပွဲတင်ဇွန်း)
  • ရှာလကာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုပ်ကောင်းမှုန့် – (အနည်းငယ်)
  • ဟင်းချက်ဆီ – ၁ ဇွန်း (စားပွဲတင်ဇွန်း)

ပြင်ဆင်ချက်ပြုတ်နည်း

  1. ဝက်နံရိုးများကို သင့်တော်သည့် အရွယ်ခန့် လှီးပြီး ရေပြောင်အောင်ဆေးကာ ရေစစ်ထားပါ ။  ဇလုံတစ်ခုထဲတွင် ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် ကိုရီယားငရုပ်အနှစ်(ပုံဖြင့်ပြထားသည်) ၊ ငံပြာရည် ၊ သကြား ၊ ရှာလကာရည် ၊ ငရုပ်ကောင်းမှုန့် ၊ ဟင်းချက်ဆီ တို့ကို ပါဝင်အချိုးအစားအတိုင်း ထည့်ပါ ။  ကြက်သွန်ဖြူ ကို ဓားပြားရိုက် နုပ်နုပ်စဉ်းထည့်ပါ ။ ကြက်သွန်နီကို ခပ်ပါးပါးလှီးထည့်ကာ သမအောင်မွှေပြီး ဆော့ပြု လုပ်ပါ။  ဆော့ထဲသို့ ရေစစ်ထားသည့် ဝက်နံရိုးများရောထည့်ကာ နှံ့အာင်မွှေပြီး အနည်းဆုံး (၂နာရီမှ-၅နာရီထိ) ရေခဲသေတ္တာထဲတွင် နှပ်ထားပါ ။
  2. ထို့နောက် ဒယ်အိုးထဲသို့ထည့်ကာ မီးအေးအေးဖြင့် ကြော်နိုင်ပါသည် ။  ဆော့ရည်များ ခြောက်ပြီး နံရိုးတွင် ကပ်နေသည်ထိ ခပ်ဖြေးဖြေးကြော်ကာ  အပေါ်တွင် ကြက်သွန်မြိတ်ဖြူ းပြီး အသင့်စားသုံးနိုင်ပါသည် ။ (မကြော်ချင်ပါက မီးအေးအေးဖြင့် ကင်လို့လည်း ရပါသည် ။)

Credit: ဇွဲသုသု