ပါဝင်ပစ္စည်းများ
- ကြက်ဥ ၃ လုံး
- ဆားအနည်းငယ်
- ကြက်သွန်မြိတ်
- မုန်လာဥနီ
- ငရုပ်သီးအနီ
- ငရုပ်ကောင်းမှုန့်
- နှမ်းဆီ
- ရေ
ပြင်ဆင်ပြုလုပ်နည်း
- ကိုရီးယား ကြက်ဥပေါင်း ပြုလုပ်မည် ဆိုလျှင် ပုံတွင်ပြထားသည့် အဝကျယ် မြေအိုးလေးရှိမှ အဆင်ပြေ မှာပါ ။
- ပထမဦးစွာ မြေအိုး ထဲသို့ ရေသုံးချိုး တစ်ချိုး (အိုး၏ သုံးပုံပုံ တစ်ပုံစာ) ထည့်ပြီး မီးကိုမြှင့်၍ ရေဆူ လာအောင် တည်ထားပါ ။
- ပန်းကန်တစ်ခုထဲတွင် ကြက်ဥသုံးလုံးအား ထည့်ပြီး နာနာခေါက်ပြီး မွှေပါ ။ ဆား အနည်းငယ် ထည့်ပါ ။
- ကြက်သွန်မြိတ် နှင့် မုန်လာဥနီ ၊ ငရုပ်သီးအနီ တို့ကို နုပ်နုပ်စဉ်းပြီး ထည့်ပါ ။ ငရုပ်ကောင်းမှုန့် နှင့် နှမ်းဆီ အနည်းငယ်စီ ထည့်ပြီး နာနာလေး ခလောက်ပေးပါ ။
- ထို့နောက် မီးကို အနဲဆုံးသို့လျှော့ချ ပြီး ရေဆူနေသော မြေအိုးထဲသို့ လောင်းချကာ ဇွန်းဖြင့် ဖြေးညှင်းစွာ မကပ်စေရန် မွှေပေးပါ ။
- အိုးထဲမှ ကြက်ဥများ ခပ်ပျစ်ပျစ်လေး ဖြစ်လာလျှင် အပေါ်မှ အဖုံးတစ်ခု ဖုံးပြီး ၁ မိနစ်ခန့် ထားပါ ။
- ထို့နောက် အဖုံးအား ဖွင့်လိုက်သော အခါ ပုံတွင် ဖော်ပြ ထားသည့် အတိုင်း ပြည့်လျှံ မို့မောက်နေသည့် စားချင် စဖွယ် ကြက်ဥပေါင်းလေးအား တွေ့နိုင်ပါသည် ။
*မှတ်ချက်။ ကိုရီးယား ကြက်ဥပေါင်း အား မီးဖိုပေါ်မှ ချချခြင်း ပူပူလေး စားရပါသည် ။ အေးသွားလျှင် အောက်သို့ပြန်ကျပြီး အိုးတွင် ကပ်သွား ပါသည် ။ ကိုရီးယား ကြက်ဥပေါင်းသည် အချို အရသာမပါ ။ သဘာဝ ကြက်ဥ အရသာ ဖြစ်၍ အချို့မကြိုက်နှစ်သက်ကြပါ ။ ကိုရီးယားလူမျိုးများသာ အလွန် ကြိုက်နှစ်သက် ကြပါသည် ။
Credit: Z.TT