ပါဝင်ပစ္စည်းများ

နံရိုး ၁ ကီလို

ပဲငံပြာရည်အကြည် ၈ ဇွန်း(စားပွဲတင်ဇွန်း)

ပဲငံပြာရည်အကြည် ၈ ဇွန်း(စားပွဲတင်ဇွန်း)

ဆန်ဝိုင် ၂ ဇွန်း(စားပွဲတင်ဇွန်း)

နှမ်းဆီ ၂ ဇွန်း (စားပွဲတင်ဇွန်း)

ငရုပ်သီးမှုန့် ၂ ဇွန်း (စားပွဲတင်ဇွန်း)

ကြက်သွန်ဖြူ ၈ မြွှာ၊ ဂျင်း လက်တစ်ဆစ်ခန့်၊ ကြက်သွန်နီဥကြီး ၁ လုံး

ပြင်ဆင်ပြုလုပ်နည်း

နံရိုးက အမဲနံရိုးပဲဖြစ်ဖြစ်၊ ဝက်နံရိုးပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ နံရိုးက အရိုးနု (Baby Back Ribs) ဖြစ်ရပါမယ်။ ကင်တဲ့နေရာမှာတော့ Oven နဲ့ပဲကင်ကင်၊ မီးသွေးမီးနဲ့ပဲကင်ကင် အဆင်ပြေပါတယ်။

ပထမဆုံး ပန်းကန်လုံးတစ်ခုထဲသို့ ပါဝင်ပစ္စည်းများကို အချိုးအစားအတိုင်း ထည့်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းကို ညက်နေအောင်ထောင်းပါ (သို့) ကြိတ်ပါ။ အားလုံးကိုရောမွှေပြီး ဆော့ပြုလုပ်ထားပါ။

နံရိုးများကို ရေစင်အောင်ဆေးပြီး ဇကာဖြင့်ရေစစ်ကာ အဝတ်သန့်တစ်ခုဖြင့် ရေခြောက်အောင်သုတ်ပြီး ပြုလုပ်ထားသည့်ဆော့ဖြင့် နှံ့အောင်ရောနှယ်၍ အနည်းဆုံး ၄-နာရီကြာခန့် ရေခဲသေတ္တာထဲထည့်ပြီး နှပ်ထားပါ။

နံရိုးကို Oven နဲ့ကင်မည်ဆိုလျှင် Bake ၃၂၅ F / ၁၆၀ cံ ထားပြီး ၃-နာရီကြာထားရပါမယ်။ မီးသွေးနဲ့ကင်မည်ဆိုလျှင် သံဇကာကိုနှမ်းဆီအနည်းငယ်သုပ်ပြီး မီးဖိုပေါ်တွင်တင်ပါ ။ နံရိုးများကိုသံဇကာပေါ်တွင်တစ်ခုဆီ ညှပ်ကိုအသုံးပြု၍တင်ပါ။

ပန်းကန်လုံးထဲတွင် ကျန်ခဲ့သည့်ဆော့ရည်အနည်းငယ်ကို ပျားရည် ၄-ဇွန်း (စားပွဲတင်ဇွန်း)နှင့်ရောမွှေပြီး အနည်းငယ်အပူပေး၍ ကင်နေသည့်အသားပေါ်တွင် သုပ်လိမ်းပေးပါ။

နံရိုးနှစ်ဖက်အကျက်ညီပြီး အနံ့မွှေးလာပါက အသင့်စားသုံးလို့ရပါပြီ။

Credit: ဇွဲသုသု