နိုင်ငံတကာ အသိအမှတ်ပြုဆုရ အမှတ်တံဆိပ်ဖြစ်သည့် MacCoffee မှ ကမ္ဘာတစ်လွှားတွင် ရရှိခဲ့သော နှစ်ပေါင်း ၂၀ ကြာ အောင်မြင်မှုများကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရှိ ကော်ဖီချစ်သူများ အတွက် ပွဲတော်များ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားသော ကော်ဖီ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် MacCoffee The Original နှင့် MacCoffee White Coffee အမျိုးအစား နှစ်မျိုးမှာ လူကြိုက်များလျက်ရှိသည်။ MacCoffee ၏ ပွဲတော်များမှတဆင့် လူအများ၏ တစ်နေ့တာအတွင်း အနှစ်သက်ဆုံး ကော်ဖီချိန်များတွင် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမည့် ထူးခြားသည့် ကော်ဖီချိန် အခိုက်အတန့်များကို ဖန်တီးပေးရန် ရည်ရွယ်ပါတယ်။

ကော်ဖီချစ်သူများသည် အလုပ်မအားလပ်သည့်တိုင် မနက်ခင်းအချိန်၊ အလုပ်လုပ်နေချိန်၊ သို့မဟုတ် ညနေခင်း အိမ်တွင် အပန်းဖြေအနားယူသည့် အချိန်များတွင် ကော်ဖီကို အချိန်ပေး သောက်သုံးလေ့ရှိကြောင်း တွေ့ရှိရပါသည်။ အဆိုပါ အချက်အပေါ်မူတည်၍ MacCoffee ပွဲတော်ကို “Coffee O-Clock” ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တစ်နေ့တာအတွင်း သတ်မှတ်ထားသော အထူး ကော်ဖီချိန်များတွင် သင်းပျံ့သည့် အနံ့၊ စစ်မှန်သည့် အရသာရှိသော MacCoffee များ အခမဲ့ သောက်သုံးနိုင်ကြမည် ဖြစ်သည်။

MacCoffee ပွဲတော်များကို ရန်ကုန်မြို့ရှိ Junction Square တွင် မနေ့ကကျင်းပပြုလုပ်သည့် အခမ်းအနားမှတဆင့် စတင်ခဲ့ပြီး ထောင်ပေါင်းများစွာသော လူအများသည် ဈေးဝယ်စင်တာ အလယ်ဗဟိုရှိ တမူထူးခြားသည့် ကော်ဖီဆိုင် ပုံစံ ဖန်တီးထားသည့်နေရာတွင် ကော်ဖီချိန် အခိုက်အတန့်များကို ပျော်ရွှင်စွာဖြတ်သန်းရင်း အပန်းဖြေ အနားယူခဲ့ကြတာကို တွေ့မြင်ရမှာပါ။

“MacCoffee က ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ရင်းနှီးပြီးသားပါ။ အထူးသဖြင့်တော့ ရုရှား နဲ့ ဗီယက်နမ်မှာ နှစ်ခြိုက်စွာ သောက်သုံးနေကြတဲ့ အမှတ်တံဆိပ်တစ်ခုပါပဲ။ အရင်နှစ်က ရုရှားနိုင်ငံမှာ ကော်ဖီမစ် အမျိုးအစားတွေအတွက် ပေးအပ်ချီးမြှင့်တဲ့ “Product of the Year 2017” ဆုကို MacCoffee က ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ MacCoffee ကို ပြည်တွင်းမှာပဲ ထုတ်လုပ်ထားပါတယ်။ တစ်နေ့တာ ကော်ဖီချိန်တွေမှာ ကော်ဖီသောက်ရင်း ပျော်ရွှင်မှုတွေ ဝေမျှနိုင်ဖို့ MacCoffee ကို မြည်းစမ်းကြည့်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ စစ်မှန်တဲ့ ကော်ဖီအရသာ ပြင်းပြင်းကို ကြိုက်နှစ်သက်သူတိုင်း MacCoffee Original ကို စမ်းသောက်ကြည့်ဖို့ တိုက်တွန်းပါရစေ။

ဆိမ့်သက်တဲ့ ကော်ဖီအရသာကိုမှ နှစ်သက်သူတွေကတော့ MacCoffee White Coffee ကို အကြိုက်တွေ့ကြမှာပါ။ ဒီနေ့ Junction Square မှာ MacCoffee ရဲ့ “Coffee O-Clock” ခေါင်းစဉ်နဲ့ ထောင်ပေါင်းများစွာသော ဧည့်သည်တွေကို MacCoffee တွေဝေမျှပြီး ထူးခြားတဲ့ ကော်ဖီချိန်လေးတွေ ဖန်တီးပေးခဲ့ပါတယ်။ ဒီနှစ်အတွင်း အခုလိုမျိုး MacCoffee ပွဲတော်တွေကို မြန်မာနိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာရှိတဲ့ ကော်ဖီချစ်သူတွေအတွက် ထပ်ပြီး ကျင်းပပြုလုပ်ပေးဖို့လည်း စီစဉ်နေပါတယ် ” ဟု MacCoffee ၏ Marketing Manager ဖြစ်သူ မတင်မျိုးဆက်မှ ပြောကြားခဲ့ပါတယ်။

Junction Square တွင် ကျင်းပပြုလုပ်သည့် အခမ်းအနား၌ ကြွရောက်လာသော ပရိတ်သတ်များအတွက် MacCoffee ၏ Brand Representative ဖြစ်သူ Myanmar Idol Season 2 ဆုရှင် သားငယ် မှ သီဆိုဖျော်ဖြေခဲ့ပြီး ပျော်ရွှင်စရာ ကာရာအိုကေပြိုင်ပွဲ အပါအဝင် ဂိမ်းပြိုင်ပွဲများတွင် ပါဝင်ဆော့ကစားခဲ့သည်။

“ကျွန်တော်တို့အိမ်က မိသားစုတွေလဲ ကော်ဖီသောက်ရတာ ကြိုက်ကြပါတယ်။ နေ့တစ်နေ့ကို စတင်မယ့် မနက်စာမှာ ကော်ဖီက မပါမဖြစ်ပါပဲ။ ကျွန်တော်တို့ မိသားစုအတွက်တော့ ကော်ဖီအနံ့တွေနဲ့ ဖုံးလွှမ်းနေတဲ့ မီးဖိုချောင်လေးက နွေးထွေးပြီး သက်သောင့်သက်သာ ရှိစေတယ်ဗျ။ ကျွန်တော်က ကော်ဖီကို မနက်စာစားတဲ့ အချိန်တစ်ချိန်တည်း သောက်တာမဟုတ်ပါဘူး။ သီချင်းတွေ ရေးနေတဲ့အချိန်၊ အသံသွင်းနေတဲ့အချိန်၊ အိမ်စီးပွားရေးအလုပ် လုပ်နေရတဲ့အချိန်တွေမှာလည်း ကော်ဖီသောက်တတ်ပါတယ်။ ညနေခင်းဖြစ်ဖြစ် ညဘက်ဖြစ်ဖြစ် ကော်ဖီ အတူတူသောက်ကြတဲ့ အချိန်တိုင်း မိသားစုတွေ တစ်စုတစ်စည်းထဲ ရှိတတ်ကြတယ်လေ။ ကျွန်တော် တခြားကော်ဖီ တံဆိပ်အမျိုးမျိုး၊ အရသာ အမျိုးမျိုးကို သောက်ကြည့်ဖူးပါတယ်။ MacCoffee ကတော့ ကျွန်တော့်အတွက် အနံ့အရသာနဲ့ ပြည့်စုံပြီး ကော်ဖီစစ်စစ် အရသာကို ပေးစွမ်းနိုင် လို့ MacCoffee ကို သောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် ” ဟုဆိုပြီးတော့လည်း သားငယ်မှ ပြောကြားခဲ့ပါတယ်။

ဖျော်ဖြေရေး အစီအစဉ်များ အတွင်း နာမည်ကျော် အဆိုတော် Jewel ကလည်း ပါဝင်တင်ဆက်ခဲ့ပြီး ယနေ့ အခမ်းအနားတွင် မတင်မျိုးဆက်၊ မော်လ်ဒယ်/သရုပ်ဆောင် ညိမ်းသော် နှင့်အတူ သရုပ်ဆောင် ယွန်းယွန်း တို့ ပါဝင်သည့် စကားဝိုင်းတစ်ခုကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် မြန်မာနိုင်ငံရှိ နေ့စဉ် လူနေမှုဘ၀များတွင် ကော်ဖီသည် အစိတ်အပိုင်း တစ်ခုအဖြစ် နေရာယူလာပုံ၊ ကော်ဖီကို စတင် ကြိုက်နှစ်သက်ခဲ့ပုံနှင့် ကော်ဖီမှရသည့် အကျိုးကျေးဇူးများကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

“ကျွန်တော်က တက်တက်ကြွကြွ နေရတာကို ကြိုက်ပြီး အပြင်ထွက် အလုပ်လုပ်ရတာကိုလည်း သဘောကျတယ်ဗျ။ ကျွန်တော့်ရဲ့ အချိန်တော်တော်များများကို ခရီးထွက်တာနဲ့ ရိုက်ကူးရေး လုပ်တာနဲ့ ကုန်ဆုံးတာများပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ရဲ့ တစ်နေ့တာကို ကော်ဖီသောက်ပြီး စတင်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။ ကဖင်းဓာတ်က ကျွန်တော်ရဲ့ တစ်နေ့တာလုံး ပြီးအောင်လုပ်ရမယ့် အလုပ်တွေကို အာရုံစိုက်လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ကော်ဖီက လူတိုင်းရဲ့ ကျန်းမာတဲ့ ဘဝနေထိုင်မှုအတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ကော်ဖီမှာက ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတဲ့ အန်တီအောက်စီးဒန့် ပါဝင်တာကြောင့်ပါ။ ပြီးတော့ ကော်ဖီသောက်ရင် စိတ်ခံစားမှု ပိုကောင်းလာတယ်ဗျ။ အနံ့အရသာ ပြည့်စုံတဲ့ ကော်ဖီတစ်ခွက်သောက်ပြီး ဒေါသထွက်နေတဲ့သူ တွေ့ဖူးကြရဲ့လားခင်ဗျ? ကျွန်တော့်အနေနဲ့ အားလုံးကို အကြံပေးချင်တာကတော့ နေ့တိုင်း အချိန် ခဏလေးပေးပြီး MacCoffee တစ်ခွက်ကို သောက်ဖို့ပါပဲ။ MacCoffee က အချိန် အခိုက်အတန့်လေးတွေတိုင်း ပျော်ရွှင်အသက်ဝင်စေပြီး စိတ်အပန်းပြေဖို့နဲ့ စိတ်ကူးကောင်းတွေ ရလာဖို့ အကူအညီပေးသွားမှာပါ” ဟုဆိုပြီးတော့လည်း ညိမ်းသော်မှ ပြောကြားခဲ့ပါသေးတယ်။

ကျောင်းတက်ရင်း အနုပညာ လှုပ်ရှားမှုများ ပြုလုပ်နေရသည့် အနုပညာရှင် ယွန်းယွန်းက “ကော်ဖီက ညီမရဲ့ နေ့စဉ် လူနေမှုဘဝအတွက် အစိတ်အပိုင်းတစ်ခုပါ။ စာကျက်နေတဲ့အချိန်၊ သရုပ်ဆောင်အလုပ်တွေ လုပ်နေတဲ့အချိန်၊ ရိုက်ကွင်းရောက်နေတဲ့ အချိန်တွေမှာဆိုရင် ကော်ဖီ အမြဲသောက်ဖြစ်တယ်။ ပြီးတော့ ညီမတို့ သူငယ်ချင်းတွေ အပြင်လျှောက်လည်ရင်တောင်မှ ကော်ဖီဆိုင်တွေမှာပဲ ဆုံဖြစ်တယ်။ ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ်အလှအပကို ဂရုစိုက်တတ်တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ကော်ဖီက ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကိုလည်း ချေဖျက်နိုင်စွမ်း ရှိတယ်ဆိုတာ သိခဲ့ရပါတယ်။ ပြီးတော့ ကော်ဖီဟာ Vitamin B2 နဲ့ B5 တို့လိုမျိုး ကိုယ်စားလိုက်တဲ့ အစားအစာထဲက အာဟာရဓာတ်တွေကို စုပ်ယူပေးနိုင်တဲ့ အရေးကြီးတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ညီမ အိမ်က မထွက်ခင် MacCoffee ကော်ဖီထုပ်လေးတွေ အိတ်ထဲမှာ အမြဲဆောင်သွားလေ့ရှိတယ်။ ညီမက ကော်ဖီ စစ်စစ်အရသာပြင်းပြင်းကို သောက်ရတာကြိုက်တော့ MacCoffee ရဲ့ Original က ညီမရဲ့ အကြိုက်ဆုံးပါ။ ကော်ဖီအနံ့ကစပြီး အရသာအထိ စိတ်ကျေနပ်မှု အပြည့်အဝ ခံစားရတာဟာ ကော်ဖီခွက်ထဲက ပျော်ရွှင်မှုပါပဲရှင်” ဟု ဆိုခဲ့ပါတယ်။

မနေ့က Junction Square တွင် ကျင်းပပြုလုပ်ခဲ့သည့် အစီအစဉ်အတိုင်း မတ်လ ၂၆ ရက်နေ့တွင်လည်း MacCoffee “Coffee O-Clock” ပွဲတော်ကို မန္တလေးမြို့၊ Mingalar Mandalay ဈေးဝယ်စင်တာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး MacCoffee မှ မြန်မာနိုင်ငံ အနှံ့အပြားရှိ မြို့ကြီးများတွင် ကော်ဖီပွဲတော်များ ထပ်မံ ကျင်းပပြုလုပ်သွားအုံးမှာ ဖြစ်ပါတယ်။ လာမည့် ပွဲတော်များအတွင်း လက်ဖက်ရည်ဆိုင်များတွင် ကျင်းပပြုလုပ်သွားရန် အစီအစဉ်များလည်း ပါရှိပါသေးတယ်။

စားသုံးသူများအတွက် MacCoffee ၏ အထူးအစီအစဉ်များ

MacCoffee မှ ဝယ်ယူအားပေးသူများအတွက် အထူးအစီအစဉ်အဖြစ် အထုပ်သေး ၁၀ ထုပ် ဝယ်ယူတိုင်း လက်ဖက်ရည်ဇွန်း နှစ်ချောင်း မေတ္တာလက်ဆောင် ထည့်သွင်းပေးထားပါတယ်။ အဆိုပါ အထူးအစီအစဉ်ကို မြို့ကြီးများရှိ စူပါမားကတ်နှင့် စတိုးဆိုင်များတွင် မေလ ၃၁ ရက်နေ့အထိ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ MacCoffee ကို အထုပ်သေး တစ်ထုပ်လျှင် ၁၀၀ ကျပ်နှုန်း၊ အထုပ်သေး ၃၀ ထုပ်ပါ အထုပ်ကြီး တစ်ထုပ်လျှင် ၂၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိနေပါတယ်။