ပါဝင်ပစ္စည်းများ
- မှို
- ကြက်သွန်ဖြူ
- ဂျင်း
- ခရုဆီ
- ငရုတ်သီး (သေးသေးလှီး ထားပါ)
- ဆီ
ပြုလုပ်နည်း
- မေမြို့ မှိုလေးတွေကို ဒါးနဲ့ ပြောင်အောင် ခြစ်ပါ။ မှိုကို အမျှင်လေးတွေ ဖဲ့ထားပါ။
- မြေကြီးတွေ ကပ်နေတာကို သွားပွတ်တံနဲ့ ဆေးပါ။ ဂျင်းလေးတွေကို ခပ်သေးသေး စိပ်ထားပါ။ ငရုတ်သီးကို ခပ်သေးသေး လှီးထားပါ။
- ကြက်သွန်ဖြူ တချို့ ကို တောက်တောက်စင်း၊ တချိ့ကို ပါးပါးလှီးထားပါ။ တောက်တောက် စင်းထားတဲ့ ကြက်သွန်ဖြူ နဲ့ လှီးထားသော ဂျင်းကို ဆီသတ်ပါ။
- မွှေးလာရင် မှိုထည့်၊ အရသာ ထည့်ပြီး မွှေပေးပါ။
- ရေ လုံးဝ မထည့်ဘဲ သူ့အရည်လေး ခမ်းသွားလျင်၊ လှီးထားတဲ့ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း၊ ခရုဆီ နဲနဲထည့် မွှေပြီး အရသာ အနေတော်ဖြစ်လျှင် မီးဖိုပေါ်မှ ချလို့ ရပါပြီ ။
Credit: Ma Ohn