မင်္ဂလာပါ။ ချိုစိမ့်တဲ့အရသာလေးကို ကြိုက်နှစ်သက်သူများအနေနဲ့ ဒီတစ်ခါမှာ ဟင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပြောင်းဖူးကိုမှ ရိုးရိုးကြော်စားတာမဟုတ်ဘဲ နွားနို့လေးရောစပ်ကာ ကြော်စားကြည့်ကြမယ်။
ပါဝင်ပစ္စည်းများ
- ပြောင်းဖူး – ၂ဖူး
- နွားနို – ၁ခွက်(လက်ဖက်ရည်ပန်းကန်)
- ကြက်သွန်နီ – ၁ခြမ်း
- ဆီ(သို့)ထောပတ်ဆီ ၃ဇွန်း
- သကြား – ၁ဇွန်း
- ဆား
ပြင်ဆင်ပြုလုပ်နည်း
- ပြောင်းဖူးကို အမွှေးတွေသန့်စင်အောင် ဖယ်ရှားပြီး ဓားနဲ့ပါးပါးလှီးပါ။ ဖျော်ရည်ကြိတ်စက်ထဲမှာ ရေ(သို့)နွားနို့ထည့်ပြီး မညှက်တညှက်ကြိတ်ပါ ။ ကြက်သွန်နီကို နုပ်နုပ်စဉ်းပါ ။
- Non-Stick Pan (မကပ်သောဒယ်အိုး) အတွင်းမှာဆီ (သို)့ ထောပတ်ဆီကို အပူပေးပါ ။ ဆီပူလာလျှင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီကို ဆီသတ်ပါ။
- အနည်းငယ်နွမ်းလာလျှင် ကြိတ်ထားတဲ့ပြောင်းဖူးတွေ ထည့်ကြော်ပါ။ ဆား ၊ သကြားတို့ဖြင့် အရသာဖြည့်စွက်ပါ။ နွားနို့ တွေဟာ ပြောင်းဖူးတွေထဲ စိမ့်ဝင်စုပ်ယူသည်အထိ ကြော်ပေးပါ ။
- ဒီဟင်းပွဲဟာ ကလေးတွေအကြိုက်ပါ ။ သွားရည်စာပုံစံလေး စီမံထားတာကြောင့် ကလေးငယ်တွေ အကြိုက်ဖြစ်သလို လူကြီးသူမများအတွက်လည်း စားရလွယ်ပြီး အဟာရဖြစ်စေတဲ့ ဟင်းပွဲလေးတစ်ခုပါ။ သားသတ်လွတ်စားသုံးသူများ နွားနို့အစား ရေကိုအသုံးပြုပါ ။
မှတ်ချက် ။ ။ ကြက်သွန်ဖြူ မသုံးရ။
Credit: ဟင်းချက်နည်းများ