မင်္ဂလာပါ။ ပိတ်ရက်အချိန်လေးမှာ မိသားစုနဲ့အတူတကွ မုန့်လက်ဆုံစားချင်တယ်ဆိုသူများအတွက် နို့စိမ်းခေါက်ဆွဲချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ အရသာအလွန်ရှိပြီး လုပ်ရတာလည်းလွယ်ကူမယ့် ချက်နည်းလေးဖြစ်လို့ ကိုယ့်အတွက်လည်းသိမ်းထားရင်း သူငယ်ချင်းမိတ်ဆွေများအတွက်ပါ ပြန်လည်ဝေမ ျှလိုက်ပါအုံးနော်။
ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲ – ၁ ကီလို
- ကြက် – ၁ ကောင်
- ကြက်ဥ – ၁၀ လုံး
- ဘဲသွေး – ၅ တုံး
- ပဲအစိမ်းမှုံ့- ၁ထုပ်
- နို့စိမ်း – ၂ ဗူး
- ဂျင်း – လက်တစ်ဆစ်ခန့်
- ကြက်သွန်ဖြူ – ၆ မွှာ
- ကြက်သွန်နီဥအသေး -၂၀၀ ဂရမ်
- ရေ – 1.5 L*3 (ရေသန့်ဗူးအကြီးသုံးလုံးခန့်)
- သကြား – အနည်းငယ်
- ငံပြာရည် – အနည်းငယ်
- သံပရာသီး – အနည်းငယ်
- ငရုပ်သီးမှုန့် – အနည်းငယ်
- မုန့်ကြွပ်ကြော် – အနည်းငယ်
- ပဲကြော် – အနည်းငယ်
- ကြက်သွန်နီ – အနည်းငယ်
- ငရုပ်သီးအရောင်မှုန့် – အနည်းငယ်
- နနွင်းမှုန့် – အနည်းငယ်
ပြုလုပ်နည်း
ပထမဆုံး ကြက်တစ်ကောင်လုံးကို အရိုး အသား သက်သပ်စီ ခုတ်ပြီး သကြားအနည်းငယ် ၊ ငံပြာရည်အနည်းငယ် ထည့်ပြီး နယ်ထားပါ ။
ရေသန့်ဗူး ၃-ဗူးစာခန့် ရေနွေးပွက်လာပါက ကြက်အရိုးများ အားလုံး ထည့်ပြီး အချိန် အတော်ကြာ ပြုတ်ထားပါ ။
ကြက်ရိုး ပြုတ်ထားသည့် အချိန်တွင် ဒယ်အိုးထဲသို့ ဆီခပ် များများ ထည့်ပြီး မုန့်ကြွပ်ကြော်ကာ ဆီ စစ်ထားပါ ။
ဆီလက်ကျန်ထဲသို့ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ဂျင်းကို ညက်အောင် ထောင်းပြီး ဆီသတ်ပါ ။
ငရုပ်သီး အရောင်မှုန့် ၊ နနွင်းမှုန့် အနည်းငယ်မျှ ထည့်ပါ ။
မွှေးလာပါက ကြက်အသားများကို ခပ်သေးသေးအရွယ် အတုံးလေးများ တုံးပြီး ထည့်လုံးပါ ။ ကြက်သားများနီပြီး မွှေးလာပါက ဒယ်အိုးကို စောင်းပြီး ဆီစစ်ထားပါ ။
ကြက်ဥများကို ပြုတ်ပြီး ခပ်သေးသေးစိပ်၍ ပန်းကန်ထဲ ထည့်ထားပါ ။
ပဲအစီမ်းမှုန့်ကို ရေဖြင့် ညက်နေအောင် ဖျော်ပြီး ကြက်ပြုတ်ရေအိုးထဲ ထည့်ပါ ။
ကြက်သွန်နီဥ အသေးလေးများ အခွံနွှာပြီး ထည့်ပါ ။
နို့စိမ်းနှစ်ဗူးကိုပါ ဖောက်ထည့်ပါ ။ (အချို့ကနို့စိမ်း ၁-ဗူးနှင့် နွားနို့ အနည်းငယ် ထည့်ကြပါသည်။) မကြာ ခဏ မွှေပေးပါ ။
ဆီစစ် ထားသည့် ကြက်သားများ ထည့်ပါ ။ ဘဲသွေးကို ခပ်သေးသေး အတုံးလေးများ လှီးပြီး ထည့်ပါ ။ အပေါ့ အငံ မြည်းပါ ။ သကြား အနည်းငယ်နှင့် ဆားကိုသာ အသုံးပြုပါ ။ ငံပြာရည် အများကြီး မထည့်ရပါဘူး ။ နို့စိမ်းအနံ့ပျက်တတ် ပါတယ် ။
အရသာ အနေတော် ရှိပါက ကြက်သွန်စိမ်း ၊ မုန့်ကြွပ် ၊ ပဲကြော် ၊ သံပရာသီး ၊ ကြက်ဥပြုတ် ၊ ငရုပ်သီးမှုန့် လိုသလို ထည့်ပြီး အရသာ ရှိစွာ အသင့် စားသုံးနိုင်ပါသည် ။
Credit: ဇွဲသုသု