မီဆိုအရသာဆော်လမွန်ငါးကြော်လေးနဲ့ ချိုချိုစိမ့်စိမ့် ခံတွင်းတွေ့စေမယ့် အားလူချောင်းကြော်နည်းလေးမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆော်လမွန်ငါး ၁၅၀ ဂရမ်
  • မီဆိုအနှစ် ၁၀၀ ဂရမ်
  • Mirin (သို့) ဆန်ဝိုင် ၃၀ မီလီလီတာ
  • ပဲငံပြာရည် ၃၀ မီလီလီတာ
  • ရေ
  • သံပရာသီး ၁ လုံး
  • ပေါင်မုန့်ခြောက်အမှုန့် ၃ ဇွန်း
  • အာလူး ၃ လုံး
  • ဆား ၁၀၀ ဂရမ်
  • သကြားစားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းစားပွဲတင်ဇွန်းတစ်ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ပထမဆုံးအနေနဲ့ ဇလုံတစ်ခုအတွင်း မီဆိုအနှစ် ဆန်ဝိုင် ရေ သံပရာရည်ဆားအနည်ငယ် ငရုပ်ကောင်းတစ်ဇွန်းတို့ကိုရောထည့်ပြီး သမအောင်မွှေပေးရပါမယ်။ထို့နောက်မွှေထားတဲ့အနှစ်ထဲ အနေတော်အရွှယ်တုံးထားတဲ့ ဆော်လမွန်ငါးတုံးလေးတွေကို တစ်ဖက်လျှင် ၂၅ မိနစ်စိမ်ပေးထားရပါမယ်။

(၂) ဆော်လမွန်ငါးနှပ်ထားစဉ်အချိန်မှာတော့ အားလူးကိုအခွံနွှာရေဆေးသန့်စင်ပြီး ၁ စင်တီမီတာခန့်အထူ လှီးဖြတ်ပေးရပါမယ်။ ပြီရင်တော့ Oven ကို ၁၈၀ ဒီဂရီစင်တီဂရိတ်ခန့်ကြိုတင်အပူပေးထားပြီး ဇလုံတစ်ခုအတွင်း ရေ ၄ လီတာခန့် ဆား ၁၀၀ ဂရမ်ခန့်ထည့်ပြီး Oven ထဲသို့ထည့်ထားရပါမယ်။

(၄) ရေဆူလာပြီဆိုရင်တော့ လှီးဖြတ်ထားတဲ့ အာလူးချောင်းလေးတွေကိုထည့်ပြီး ၆ မိနစ်ကနေ ၈မိနစ်ခန့် ပြုတ်ထားပေးရပါမယ်။ ပြီးရင်တော့ ပြုတ်ထားတဲ့အာလူးချောင်းလေးတွေကို ရေစစ်ထားပေးပါ။

(၅) ဆော်လမွန်ငါးနှပ်ထားတဲ့ အချိန်စေ့ပြီဆိုရင်တော့ ပန်းကန်တစ်ခုအတွင်းအသင့်ထည့်ထားတဲ့ ပေါင်မုန့်ခြောက်အမှုန့်ပန်းကန်ထဲပြောင်းထည့်ကာ ပေါင်မုန့်ခြောက်အမှုန့်လေးတွေကပ်ပေးရပါမယ်။ထို့နောက်အပူချိန် ၁၆၀ ဒီဂရီစင်တီဂရိတ်ခန့်ဖြင့် Air-Fryer အတွင်း ၁၂ မိနစ်ခန့်ကြော်ပေးရပါမယ်။

(၆) ဆော်လမွန်ငါးကျက်ပြီဆိုရင် ရေစစ်ထားတဲ့ အားလူးပြုတ်လေးတွေကို ပူချိန် ၁၆၀ ဒီဂရီစင်တီဂရိတ်ဖြင့် Air-Fryer အတွင်း ၆ မိနစ်ခန့်ထပ်ကြော်ပေးမယ်ဆိုရင် အရသာရှိလှတဲ့ မီဆိုဆော်လမွန်ငါးကြော်လေးရယ် ချိုချိုမွှေးမွှေး အာလူးချောင်းကြော်လေးရယ်ကို ကြိုက်နှစ်သက်ရာဆော့စ်တစ်မျိုးမျိုးနဲ့ တွဲဖက်သုံးဆောင်လို့ရပြီပဲဖြစ်ပါတယ်။