ဒီဟင်းပွဲလေးက အရေသောက်၊ အသားစား၊ ချဉ်စပ်အရသာလေးမို့ နေပူပြင်းသော အချိန်မှာ မိသားစု အားလုံးအတွက် ထမင်းမြိန်စေမယ့် ဟင်းတစ်ပွဲပါ။ ချက်ကြည့်လိုက်ပါအုံး။
ပါဝင်ပစ္စည်းများ
- ငါးကြင်း – ၃ဝ သား (အနေတော် အတုံးလေးတွေတုံးပါ)
 - ပင်စိမ်း – ၃ ပင် (အရွက်များခြွေထားပါ)
 - နံနံပင် – ၅ ပင် (ခပ်ကြမ်းကြမ်းလှီးထားပါ)
 - ငရုတ်သီးစိမ်းတောင့် – ၄ တောင့် (မညက်တညက်ထောင်းပါ။ အစပ်များလိုလျှင်ထပ်ထည့်ပါ)
 - နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
 
- မန်ကျည်းရည် – စားပွဲဇွန်း ၁ ဇွန်း (အနှစ်)
 - ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 - ဆား – အနည်းငယ်
 - ငါးပိစိမ်းစား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
 
ပြုလုပ်နည်း
ဖန်ဇလုံအကြီးထဲ ငါးကြင်းတုံး၊ နနွင်းမှုန့်၊ ဆားများထည့်ပြီး နယ်နှပ်ထားပါ။ တည်ရန်အိုးထဲ ပင်စိမ်းနှင့် နံနံပင်ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး ရေတစ်ခွက်ခွဲလောက် ထည့်တည်ပါ။ ရေပွက်ပွက် ဆူတဲ့အထိတည်ပါ။
ရေပွက်ပွက် ဆူတဲ့အထိတည်ပါ။ ရေဆူလာလျှင် နယ်နှပ်ထားသော ငါးတုံးလေးများထည့်ပြီးတည်ပါ။ ရေအနည်းနယ်ခန်းပြီး ငါးနူးလျှင်ရပါပြီ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပြီး မီးပိတ်ပြီး ပင်စိမ်းနဲ့ နံနံပင်အုပ်ပါ။
ဟင်းကို နွေးနွေး (သို့) အေးမှကြိုက်တဲ့ အချိန်သုံးဆောင်နိုင်ပါတယ်။
Credit: Syi Lwin Foods Garden
											
				