ပါဝင်ပစ္စည်းများ
- တောင်ပို့မှို
- ထမင်း (ရှမ်းဆန်)
- ဆား
- ဟင်းချိုမှုန့်
ပြုလုပ်နည်း
- မှိုကို ရေဆေးပြီး စစ်ထားပါ။ ဒယ်အိုးထဲတွင် မှို၊ ဆား၊ ဟင်းချိုမှုန့် ထည့် ပြုတ်ပါ။ ရေခြောက်သည်အထိ တည်ရပါမယ်။ ( ရေ ထည့်စရာ မလိုပါ)
- ရှမ်းဆန်ကို ချက်ပြီး အအေးခံ ထားရပါမယ်။
- မှို နှင့် ထမင်း ၂ မျိုးလုံး အေးပြီ ဆိုမှ သေသေချာချာ နှံ့စပ်အောင် နယ်ပါ။
- နှယ်ပြီးလျင် ဖက်နဲ့ထုပ်ပြီး ၂ ရက် ၃ ရက်ဆို ချဉ်လာရင် ကြော်စားလို့ရပါပြီ။ (ငါးချဉ် ၊ ပုဇွန်ချဉ် ကြော်နည်း အတိုင်း ကြော်စားနိူင်ပါတယ်။
Credit: Phyu Phyuhnin