ပါဝင်ပစ္စည်းများ
- မူဆွန်း – ၄ ခု ( ခပ်သေးသေး ခြစ်၍ ရေစိမ်ထားပါ )
- မုံလာဥနီ – ၁ ခု ( ခပ်သေးသေး ခြစ်၍ ရေစိမ်ထားပါ )
- မြေပဲဆံ ( လှော်ထောင်းထားပါ )
- ထိုင်းပဲကြာဇံ ( ရေနွေးစိမ်ထားပါ )
- ကြက်သွန်ဖြူ
- ငြုပ်သီးစိမ်း
- နံနံပင် ( နုတ်နုတ်လှီးထားပါ )
- ထိုင်းငြုပ်စော့စ်
- ဆား
- သကြား
- ဟင်းချိုမှုန့်
- ရှာလကာရည် (သို့) သံပုရာသီး
- နှမ်း
ပြုလုပ်နည်း
- မူဆွန်း ၄ခု နဲ့ မုံလာဥနီ ၁ခု အခွံခွာ၊ သေးသေးခြစ်ပြီး ရေစိမ်ထား၊ ပိုကျွတ်တယ်။ မြေပဲဆံ လှော်ထောင်း၊ ထိုင်း ပဲကြာဇံ ရေနွေးစိမ်ထားပါ။
- အချဉ်အတွက် ပန်းကန်လုံးထဲ သံပုရာသီး (သို့မဟုတ်) ရှာလကာရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းချိုမှုန့်၊ နံနံပင်၊ နှမ်း၊ သကြား နဲနဲဖျော်ထားပါ ။
- မူဆွန်းကို ရေစစ် ထားပါ။ စားခါနီးမှာ ပန်းကန်ပြားထဲကို မူဆွန်း၊ မုံလာဥနီ၊ ကြာဇံ အပေါ်ကနေ မြေပဲဆံ၊ အချဉ်ဖျော်ထားတာကို လောင်းထည့်ပြီး သုပ်ပါ။ နံနံပင် ထပ်ထည့်နိူင် ပါတယ်။
- အချဉ်ရည် အတွက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ကို နုတ်နုတ်လှီးထားပါ။ ထိုင်းငရုတ်စော့၊ ဆား၊ သကြား၊ ဟင်းချိုမှုန့်၊ ရှာလကာရည် (သို့) သံပုရာသီး ညှစ်ပြီး အားလုံးကို ရောဖျော်ထားပါ။
- စားခါနီးမှာ ပုံတွင် ပြထားတဲ့ အတိုင်း မူဆွန်း ပေါ်ကနေ လောင်းထည့် လိုက်ပါ။ အချဉ်ရည်ထဲ နှမ်းပါ ထည့်ပါတယ်။
Credit : Phyu Phyuhnin