ပါဝင်ပစ္စည်းများ

  • မူဆွန်း – ၄ ခု ( ခပ်သေးသေး ခြစ်၍ ရေစိမ်ထားပါ )
  • မုံလာဥနီ – ၁ ခု ( ခပ်သေးသေး ခြစ်၍ ရေစိမ်ထားပါ )
  • မြေပဲဆံ ( လှော်ထောင်းထားပါ )
  • ထိုင်းပဲကြာဇံ ( ရေနွေးစိမ်ထားပါ )
  • ကြက်သွန်ဖြူ
  • ငြုပ်သီးစိမ်း
  • နံနံပင် ( နုတ်နုတ်လှီးထားပါ )
  • ထိုင်းငြုပ်စော့စ်
  • ဆား
  • သကြား
  • ဟင်းချိုမှုန့်
  • ရှာလကာရည် (သို့) သံပုရာသီး
  • နှမ်း

ပြုလုပ်နည်း

  1. မူဆွန်း ၄ခု နဲ့ မုံလာဥနီ ၁ခု အခွံခွာ၊ သေးသေးခြစ်ပြီး ရေစိမ်ထား၊ ပိုကျွတ်တယ်။ မြေပဲဆံ လှော်ထောင်း၊ ထိုင်း ပဲကြာဇံ ရေနွေးစိမ်ထားပါ။
  2. အချဉ်အတွက် ပန်းကန်လုံးထဲ သံပုရာသီး (သို့မဟုတ်) ရှာလကာရည်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ ဟင်းချိုမှုန့်၊ နံနံပင်၊ နှမ်း၊ သကြား နဲနဲဖျော်ထားပါ ။
  3. မူဆွန်းကို ရေစစ် ထားပါ။ စားခါနီးမှာ ပန်းကန်ပြားထဲကို မူဆွန်း၊ မုံလာဥနီ၊ ကြာဇံ အပေါ်ကနေ မြေပဲဆံ၊ အချဉ်ဖျော်ထားတာကို လောင်းထည့်ပြီး သုပ်ပါ။ နံနံပင် ထပ်ထည့်နိူင် ပါတယ်။
  4. အချဉ်ရည် အတွက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ကို နုတ်နုတ်လှီးထားပါ။ ထိုင်းငရုတ်စော့၊ ဆား၊ သကြား၊ ဟင်းချိုမှုန့်၊ ရှာလကာရည် (သို့) သံပုရာသီး ညှစ်ပြီး အားလုံးကို ရောဖျော်ထားပါ။
  5. စားခါနီးမှာ ပုံတွင် ပြထားတဲ့ အတိုင်း မူဆွန်း ပေါ်ကနေ လောင်းထည့် လိုက်ပါ။ အချဉ်ရည်ထဲ နှမ်းပါ ထည့်ပါတယ်။

Credit : Phyu Phyuhnin