ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲခြောက် – ၁ ထုတ်
- ကြက် – ၁ ကောင် (၇၀ ကျပ်သား)
- ကြက်သွန်နီ – အနည်းငယ်
- ကြက်သွန်ဖြူ – ၆ မွှာ
- ဂျင်း – လက်တစ်ဆစ်ခန့်
- နနွင်းမှုန့် – အနည်းငယ်
- ငရုပ်သီးအရောင်မှုန့် – အနည်းငယ်
- ငံပြာရည် – အနည်းငယ်
- ဆား – အနည်းငယ်
- သကြား – အနည်းငယ်
- ပဲမှုန့်- ၄ ဇွန်း (ထမင်းစားဇွန်း)
- အုန်းနို့ Cream – ၁ ဘူး (ဘူးကြီး)
- အုန်းနို့ Milk – ၁ ဘူး (ဘူးသေး)
- ကြက်သွန်နီဥ အသေး – ၁၀လုံး
- ဆီ – ၂ ဇွန်း (ထမင်းစားဇွန်း)
- ရေ – 2.5 L*3 (ရေသန့်ဗူးအကြီးသုံးလုံး မပြည့်)
ပြုလုပ်နည်း
ပထမဆုံး ကြက်တစ်ကောင်လုံးကို အရိုး အသား သက်သပ်စီ ခုတ်ပါ။ အသားကို အတုံးငယ်လေး တုံး၍ သကြားအနည်းငယ်၊ ငံပြာရည်အနည်းငယ် ထည့်ပြီး နယ်ထားပါ။
ကြက်အရိုးကို ဂျင်း ၊ ကြက်သွန်ဖြူ ၂ မွှာ ၊ ဆား အနည်းငယ် ၊ ငံပြာရည် အနည်းငယ်၊ ရေ နှင့် ပြုတ်ထားပါ။
ကြက်ရိုး ပြုတ်ထားသည့် အချိန်တွင် တုံးထားသော အသားများကို ဆီ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ၊ ဂျင်းကို ညက်အောင် ထောင်းပြီး ဆီသတ်ပါ။ ကြက်သားများနီပြီး မွှေးလာပြီး နူးလာပါက ဒယ်အိုးကို မီးဖိုပေါ်မှ ချထားပါ။
ပဲမှုန့်ကို ရေအေးနှင့် ညက်နေအောင် ဖျော်ပြီး ပြုတ်ထားသော အရိုးရည်ထဲတွင် ထည့်၍ တည်ပါ။
ပြီးလျင် အုန်းနို့ Cream ဘူးကြီး ၁ ဘူးနှင့် အုန်းနို့ Milk ဘူးသေး ၁ ဘူးကို အရိုးရည်ထဲတွင် ထည့်၍ အချိန်အတော်ကြာ အရည်ကျသည် အထိ တည်ပါ ။ မကြာ ခဏ မွှေပေးပါ။
ကြက်သွန်နီဥ အသေးလေးများ အခွံနွှာပြီး ထည့်ပါ။ ချက်ထားသည့် ကြက်သားများကိုအရည်အိုးထဲ ထည့်ပါ။ အပေါ့ အငံ မြည်း၍ မိမိစိတ်ကြိုက် အရသာ ရပြီဆို သုံးဆောင်ရန် အစဉ်သင့် ဖြစ်ပါပြီ။
အုန်းနို့ခေါက်ဆွဲ နှင့် ခေါက်ဆွဲကို ကြက်သွန်စိမ်း ၊ မုန့်ကြွပ်၊ ပဲကြော်၊ သံပရာသီး၊ ကြက်ဥပြုတ်၊ ငရုပ်သီးမှုန့် လိုသလို ထည့်ပြီး အရသာရှိစွာ အသင့် စားသုံးနိုင်ပါသည် ။
အုန်းနို့ခေါက်ဆွဲ တွဲစားရန်
* ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးထားပါ)
* ကြက်ဥ – ၄ လုံး
* သံပရာသီး – အနည်းငယ်
* ငရုပ်သီးမှုန့် – အနည်းငယ်
* မုန့်ကြွပ်ကြော် – အနည်းငယ်
* ပဲကြော် – အနည်းငယ်
My Food Myanmar & ကြီးကြီးနေား