ပါဝင်ပစ္စည်းများ
- ငါးစင်ရိုင်း – ၂၀ကျပ်သားခန့်
- ခရမ်းချဉ်သီး – ၃လုံး
- ကြက်သွန်နီ – ၁ခြမ်း
- ကြက်သွန်ဖြူ – ၅တက်
- ငရုတ်ခြောက်တောင့် – ၅တောင့်
- ငရုတ်သီးစိမ်း – ၅တောင့်
- ပင်စိမ်း (သို့) ရှမ်းနံနံ မိမိနှစ်သက်သလို
- ဆား
- ဟင်းခတ်မှုန့်
- နနွင်းမှုန့် – အနည်းငယ်
- ဆီ
ပြင်ဆင်ပြုလုပ်နည်း
- ငါးစင်ရိုင်းကို ချေးထုတ်၊ နှုတ်သီးဖြတ်ပြီး ရေဆေးသန့်စင်ပါ။ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်အနည်းငယ်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ။ ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းစဉ်းပါ ။ ငရုတ်သီးစိမ်း ၊ ရှမ်းနံနံတို့ကို ပးါပါးလှီးပါ။
- ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို ဦးစွာဖြန့်ခင်းပြီး ထောင်းထားသောအရောကို ဖြန့်ထည့်ပါ။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတို့ကိုလည်း ပေါင်းထည့်ပါ။
- ဒယ်အိုးပတ်လည်ကို ရေအနည်းငယ်လေး (ငရုတ်ဆုံကျင်းထားသောရေ) ပတ်ထည့်ကာ အဖုံးအုပ်ပြီး မီးအေးအေးမှာ ချက်ပါ။
- ရေခမ်းပြီး ဆီသံကြားပြီဆိုမှ အဖုံးဖွင့်ပြီး ညင်သာစွာနှံ့အောင် မွှေပေးပါ။ အနှစ်ကျပြီဆို အရသာနယ်ထားတဲ့ ငါးတွေထည့်ကာ နှံ့သွားအောင် နောက်တစ်ကြိမ် ထပ်မွှေပေးပါ ။
- အဖုံးအုပ်ထားပြီး ရေခမ်းဆီပြန်သည်အထိ ဆက်ချက်ပါ။ (ဒီလိုအချိန်မှာလုံးဝမမွှေပေးရပါဘူး) ဆီပြန်လာလျှင် ရှမ်းနံနံ (သို့) ပင်စိမ်းရွက်အုပ်ပြီး ဒယ်အိုးကို စောင်းကာ လှည့်ကာဖြင့် အိုးကပ်သည်အထိ ချက်ပေး၍ သုံးဆောင်နိုင်ပါသည်။
Credit: ချက်မယ် စားမယ်