ပါဝင်ပစ္စည်းများ

  • ငါးစင်ရိုင်း – ၂၀ကျပ်သားခန့်
  • ခရမ်းချဉ်သီး – ၃လုံး
  • ကြက်သွန်နီ – ၁ခြမ်း
  • ကြက်သွန်ဖြူ – ၅တက်
  • ငရုတ်ခြောက်တောင့် – ၅တောင့်
  • ငရုတ်သီးစိမ်း – ၅တောင့်
  • ပင်စိမ်း (သို့) ရှမ်းနံနံ မိမိနှစ်သက်သလို
  • ဆား
  • ဟင်းခတ်မှုန့်
  • နနွင်းမှုန့် – အနည်းငယ်
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးစင်ရိုင်းကို ချေးထုတ်၊ နှုတ်သီးဖြတ်ပြီး ရေဆေးသန့်စင်ပါ။ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်အနည်းငယ်တို့ဖြင့် အရသာနယ်ပြီး နှပ်ထားပါ။ ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းစဉ်းပါ ။ ငရုတ်သီးစိမ်း ၊ ရှမ်းနံနံတို့ကို ပးါပါးလှီးပါ။
  2. ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို ဦးစွာဖြန့်ခင်းပြီး ထောင်းထားသောအရောကို ဖြန့်ထည့်ပါ။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတို့ကိုလည်း ပေါင်းထည့်ပါ။
  3. ဒယ်အိုးပတ်လည်ကို ရေအနည်းငယ်လေး (ငရုတ်ဆုံကျင်းထားသောရေ) ပတ်ထည့်ကာ အဖုံးအုပ်ပြီး မီးအေးအေးမှာ ချက်ပါ။
  4. ရေခမ်းပြီး ဆီသံကြားပြီဆိုမှ အဖုံးဖွင့်ပြီး ညင်သာစွာနှံ့အောင် မွှေပေးပါ။ အနှစ်ကျပြီဆို အရသာနယ်ထားတဲ့ ငါးတွေထည့်ကာ နှံ့သွားအောင် နောက်တစ်ကြိမ် ထပ်မွှေပေးပါ ။
  5. အဖုံးအုပ်ထားပြီး ရေခမ်းဆီပြန်သည်အထိ ဆက်ချက်ပါ။ (ဒီလိုအချိန်မှာလုံးဝမမွှေပေးရပါဘူး) ဆီပြန်လာလျှင် ရှမ်းနံနံ (သို့) ပင်စိမ်းရွက်အုပ်ပြီး ဒယ်အိုးကို စောင်းကာ လှည့်ကာဖြင့် အိုးကပ်သည်အထိ ချက်ပေး၍ သုံးဆောင်နိုင်ပါသည်။

Credit: ချက်မယ် စားမယ်