ပါဝင်ပစ္စည်းများ
- ပုဇွန်ခြောက် ၁၀ သားခန့် 
- ကြက်သွန်နီ အကြီး ၂ လုံး (ပါးပါး လှီးထားပါ)
- ကြက်သွန်ဖြူ အမွှာကြီး ၅ မွှာ (မထူမပါး လှီးထားပါ)
- နနွင်းမှုန့် အနည်းငယ်
- ငရုတ်သီးခြောက် ခွဲခြမ်း အနည်းငယ်
- ဆီ
- အချိုမှုန့် အနည်းငယ်
ပြုလုပ်နည်း
ပုဇွန်ခြောက်များကို ရေနွေးနွေးလေး နှင့် ရှလကာရည် (ပိုးမွှားများ ကင်းစင်အောင်) အနည်းငယ်ထည့်၍ သန့်စင်အောင် ဆေးပြီး ရေစစ်ထားပါ။
ပြီးလျင် ရေစစ်ထားသည့် ပုဇွန်ခြောက် များကို အိုးထဲတွင် အနည်းငယ်ခြောက်အောင် ပြန်လှော်ပါ။ လှော်ပြီးသည့် ပုဇွန်ခြောက် များကို ဆုံထဲတွင် ထောင်းပါ။
ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး နနွင်းမှုန့် အနည်းငယ် ထည့်ရ်ျ ပါးပါး လှီးထားသည့် ကြက်သွန်နီများကို မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ။ ကြွပ်နေသည့် ကြက်သွန်နီကြော်များကို ဆယ်၍ အအေးခံထားပါ။
ကြက်သွန်နီကြော် ထားသည့် ဆီထဲတွင် မထူမပါး လှီးထားသော ကြက်သွန်ဖြူကို မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ။ ကြွပ်နေသည့် ကြက်သွန်ဖြူကြော်များကို ဆယ်၍ အအေးခံထားပါ။
ပြီးလျင် ထောင်းထားသော ပုဇွန်ခြောက်များကို မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ။ ကြွပ်နေသည့် ပုဇွန်ခြောက်ကြော်များကို ဆယ်၍ အအေးခံ ထားပါ။
နောက်ဆုံးမှ ငရုတ်သီးခြောက် ခွဲခြမ်း များကို ကြော်၍ ကြော်ပြီးသော ပုဇွန်ခြောက်၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ တို့နှင့် ရော၍ အချိုမှုန့် အနည်းငယ် (နှစ်သက်လျင်) ဖြူးပါ။ အရသာ အပေါ့အငံ မြည်း၍ သုံးဆောင်နိုင်ပါပြီ။
MyFood Myanmar