ဟင်းပွဲပါပစ္စည်းများ
- ငါးပိဆားနယ် – ၂၀သား
- ငရုပ်သီးစီမ်း – ၁၀သား
- ကြက်သွန်နီ – ၇လုံး
- ကြက်သွန်ဖြူဥကြီး – ၁ဥ
- ဆား.
ဟင်းချက်နည်း
၁။ ငါးဆားနယ်(ငါးငပိတစ်)၂၀သားတုံးကို ရေဆေးပြီး အတုံးလေးတွေ တုံးထားပါ။
၂။ ကြက်သွန်နီကြီး( ၇ ) ဥ ပါးပါး လှီးထားပါ။ ခရမ်းချဉ်သီး (၃ )လုံး စိတ်စိတ် လှီးထားပါ။ ကြက်သွန်ဖြူ (၁) ဥအခွံနွှာပြီး၊ ပုစွန်ခြောက် (၅)ကျပ်သားနဲ့ ရောပြီး ထောင်းထားပါ။
၃။ ငရုပ်သီးစိမ်း (၁၀)ကျပ်သားကို မညက် တညက် ထောင်းထားပါ။ နနွင်းမှုန့်၊ ဟင်းခတ်မှုန့် သင့်ရုံ၊ ကြက်သွန်နီကို နေကြာဆီနဲ့ နနွင်းမှုန့် ထဲ့ပြီး ရွှေရောင် ရလာထိ ကြော်ပြီးလျှင် ခရမ်းချဉ်သီးကိုထဲ့၊ အခွံလိပ် လာတဲ့အထိ ကြော်ပါ။
၎။ အခွံလိပ် လာရင် ရောထောင်းထားတဲ့ ပုစွန်ခြောက်နဲ့ ကြက်သွန်ဖြူကို ထည့်ပါ။
၅။ အနံ့ မွှေးလာလျှင် ရေစိမ် ထားတဲ့ ငါးငပိတစ် ကိုထည့်ပါ။
၆။ ငါးငပိတစ် နူးအိလာလျှင် ဟင်းခတ်မှုန့် ထည့်ပြီး ထောင်းထားတဲ့ ငရုပ်သီးစိမ်းကို အုပ်ပြီး ထည့်ပါ။
၇။ အပေါ့အငန် မြည်းပြီး ထည့်ပါ။ ဒါဆို အရသာရှိတဲ့ ရှုးရှုးရှဲရှဲ ငရုပ်သီးစိမ်း ငါးငပိတစ် ချက်လေး ရပါပြီ။ (ငရုပ်သီးစိမ်း ကိုနောက်ဆုံးမှ ထောင်းနော်။ မဲသွားမှာစိုးလို့ပါ။)
Credit: Sweswe Myint