ဒီမနက်တော့ မနက်တည်းက ဘာမှ မစားထားရသေးဘဲ အလုပ်တွေများလွန်လို့ ၁၂ နာရီလောက်မှ အိမ်မှာ အသင့်ရှိနေတဲ့ အသီးအရွက်၊ အသားလေးတွေနဲ့ အမြန်အဆန်လေး ကြော်စားပြစ်လိုက်ပါတယ်။ ဆာဆာနဲ့ စားပစ်လိုက်တာ ဘယ်လိုကောင်းမှန်းကို မသိအောင်ပါဘဲ။
ပါဝင်ပစ္စည်းများ
- ခေါက်ဆွဲဖတ်
- ကြက်ပေါင်သား
- ကြက်ဥ
- ဂေါ်ဖီထုပ်
- ခရမ်းချဉ်သီး
- ပင်စိမ်းရွက်
- ပဲငံပြာရည်အနှောက်
- အသားမှုန့်
- ဆား
- ဆီ
ပြင်ဆင်ပြုလုပ်နည်း
- ကြက်ပေါင်သား များကို ရေစင်အောင် ဆေးပြီး အတုံးလေးများ တုံးထားပြီး အသားမှုန့် နယ်ထားပါ။ ခေါက်ဆွဲဖတ်များကို ပဲငံပြာရည် အနှောက်နှင့် နယ်ထားပါ။ ကြက်ဥ ၂ လုံးလောက် ခေါက်ထားပါ။
- ဂေါ်ဖီထုပ် ပါးပါးလှီး၊ ကြက်သွန်နီ လေးစိတ်စိတ် ၊ ခရမ်းချဉ်သီး မထူမပါးလှီး ထားပါ။ ပင်စိမ်းရွက်ကိုလည် ရေဆေးထားပါ။
- အဆင်သင့် ဖြစ်ပြီဆိုလျှင် မီးဖိုးပေါ်တွင် ဒယ်အိုး တစ်လုံးတင်ပြီး ဆီထည့်ပါ။ ဆီပူလာလျှင် ခေါက်ထားသော ကြက်ဥကို မွှေကြော် လိုက်ပြီး ဇလုံတစ်လုံးထဲသို့ ထည့်ထားပါ ။
- ပြီးလျှင် လေးစိတ်စိတ် ထားသော ကြက်သွန်နီကို ဆီပြန်သတ်ပြီး နွမ်းပါက တုံးထားသော ကြက်သားထည့်ပါ။ ကြက်သား ကြက်ခါနီးလျှင် ပါးပါးလှီးထားသော ဂေါ်ဖီကိုထည့် ၊ ခေါက်ဆွဲဖတ်များ ထည့်မွှေပေးပါ။
- အားလုံး သမ သွားပြီဆိုလျှင် အပေါ့ အငန် အရသာမြည်ပြီး ကြက်ဥ ကြော်များကို ထည့်မွှေ ပေးလိုက်ပါ။ အရသာ အနေတော်လျှင် အချဉ်လေးနှင့် တွဲဖက်၍ စားသုံးနိုင်ပါပြီ။
MyFood Myanmar