ဒီမနက်တော့ မနက်တည်းက ဘာမှ မစားထားရသေးဘဲ အလုပ်တွေများလွန်လို့  ၁၂ နာရီလောက်မှ အိမ်မှာ အသင့်ရှိနေတဲ့ အသီးအရွက်၊ အသားလေးတွေနဲ့ အမြန်အဆန်လေး ကြော်စားပြစ်လိုက်ပါတယ်။ ဆာဆာနဲ့ စားပစ်လိုက်တာ ဘယ်လိုကောင်းမှန်းကို မသိအောင်ပါဘဲ။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲဖတ်
  • ကြက်ပေါင်သား
  • ကြက်ဥ
  • ဂေါ်ဖီထုပ်
  • ခရမ်းချဉ်သီး
  • ပင်စိမ်းရွက်
  • ပဲငံပြာရည်အနှောက်
  • အသားမှုန့်
  • ဆား
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်ပေါင်သား များကို ရေစင်အောင် ဆေးပြီး အတုံးလေးများ တုံးထားပြီး အသားမှုန့် နယ်ထားပါ။ ခေါက်ဆွဲဖတ်များကို ပဲငံပြာရည် အနှောက်နှင့် နယ်ထားပါ။ ကြက်ဥ ၂ လုံးလောက် ခေါက်ထားပါ။
  2. ဂေါ်ဖီထုပ် ပါးပါးလှီး၊ ကြက်သွန်နီ လေးစိတ်စိတ် ၊ ခရမ်းချဉ်သီး မထူမပါးလှီး ထားပါ။ ပင်စိမ်းရွက်ကိုလည် ရေဆေးထားပါ။
  3. အဆင်သင့် ဖြစ်ပြီဆိုလျှင် မီးဖိုးပေါ်တွင် ဒယ်အိုး တစ်လုံးတင်ပြီး ဆီထည့်ပါ။ ဆီပူလာလျှင် ခေါက်ထားသော ကြက်ဥကို မွှေကြော် လိုက်ပြီး ဇလုံတစ်လုံးထဲသို့ ထည့်ထားပါ ။
  4. ပြီးလျှင် လေးစိတ်စိတ် ထားသော ကြက်သွန်နီကို ဆီပြန်သတ်ပြီး နွမ်းပါက တုံးထားသော ကြက်သားထည့်ပါ။ ကြက်သား ကြက်ခါနီးလျှင် ပါးပါးလှီးထားသော ဂေါ်ဖီကိုထည့် ၊ ခေါက်ဆွဲဖတ်များ ထည့်မွှေပေးပါ။
  5. အားလုံး သမ သွားပြီဆိုလျှင် အပေါ့ အငန် အရသာမြည်ပြီး ကြက်ဥ ကြော်များကို ထည့်မွှေ ပေးလိုက်ပါ။ အရသာ အနေတော်လျှင် အချဉ်လေးနှင့် တွဲဖက်၍ စားသုံးနိုင်ပါပြီ။

MyFood Myanmar