ပါဝင်ပစ္စည်း
- ကြက်သား
- ခေါက်ဆွဲ
- ဂေါ်ဖီ
- ဂျင်း
- ပဲငံပြာရည် အပျစ် အနည်းငယ်
- ပဲငံပြာရည် အကျဲ အနည်းငယ်
- ထန်းလျက်၂ခဲ ၃ခဲ
- အသားမှုန့်
- ဆား
- ကြွက်နားရွက်
- မှို
- ပဲပြားခြောက်
- မုန်လာဥနီ
- baby corn
- ကော်မှုန့်
- ကြက်သွန်ဖြူဆီချက်
- တရုတ်နံနံ
- ငါးပိထောင်း
ပြုလုပ်နည်း
- ကြက်သားတွေကို ဂျင်းဖြင့် ပြုတ်ပါ။ နူးရင်ဆယ်ထားပြီး နွှင် ထားပါ။ ကြက်ပြုတ်ရည်ထဲကို ရေထပ်ထည့်ပြီး ဆူအောင်တည်ပါ။
- ပဲငံပြာရည်အပျစ် နှင့် အကျဲ အနည်းငယ်စီ ထည့်ပါ။ ထန်းလျက်၂ခဲ ၊ ၃ခဲ ထည့်ပါ။ အသားမှုန့်၊ ဆား၊ ကြွက်နားရွက်၊ မှို၊ ပဲပြားခြောက်၊ မုန်လာဥနီ၊ baby corn ထည့်ပါ။
- နူးလာလျင် ကော်ရည် ဖျော်ထည့်ပါ။ ကြက်သွန်ဖြူဆီချက်၊ တရုတ်နံနံ၊ အသားထည့်၊ ခေါက်ဆွဲနဲ့ ရောစားနိုင်ပါပြီ။ ငါးပိထောင်း၊ ဂေါ်ဖီ တို့နှင့် ရောစားနိုင်ပါသည် ။
(ကျွန်မ ချက်သောနည်းကို share ခြင်းပါ။ တခြားသော နည်းများလည်း ရှိနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။)
Credit: Phyu Thin Shwe