ပါဝင်ပစ္စည်း

  • ကြက်သား
  • ခေါက်ဆွဲ
  • ဂေါ်ဖီ
  • ဂျင်း
  • ပဲငံပြာရည် အပျစ် အနည်းငယ်
  • ပဲငံပြာရည် အကျဲ အနည်းငယ်
  • ထန်းလျက်၂ခဲ ၃ခဲ
  • အသားမှုန့်
  • ဆား
  • ကြွက်နားရွက်
  • မှို
  • ပဲပြားခြောက်
  • မုန်လာဥနီ
  • baby corn
  • ကော်မှုန့်
  • ကြက်သွန်ဖြူဆီချက်
  • တရုတ်နံနံ
  • ငါးပိထောင်း

ပြုလုပ်နည်း

  1. ကြက်သားတွေကို ဂျင်းဖြင့် ပြုတ်ပါ။ နူးရင်ဆယ်ထားပြီး နွှင် ထားပါ။ ကြက်ပြုတ်ရည်ထဲကို ရေထပ်ထည့်ပြီး ဆူအောင်တည်ပါ။
  2. ပဲငံပြာရည်အပျစ် နှင့် အကျဲ အနည်းငယ်စီ ထည့်ပါ။ ထန်းလျက်၂ခဲ ၊ ၃ခဲ ထည့်ပါ။  အသားမှုန့်၊ ဆား၊ ကြွက်နားရွက်၊ မှို၊ ပဲပြားခြောက်၊ မုန်လာဥနီ၊ baby corn ထည့်ပါ။
  3. နူးလာလျင် ကော်ရည် ဖျော်ထည့်ပါ။ ကြက်သွန်ဖြူဆီချက်၊ တရုတ်နံနံ၊ အသားထည့်၊ ခေါက်ဆွဲနဲ့ ရောစားနိုင်ပါပြီ။ ငါးပိထောင်း၊ ဂေါ်ဖီ တို့နှင့် ရောစားနိုင်ပါသည် ။

(ကျွန်မ ချက်သောနည်းကို share ခြင်းပါ။ တခြားသော နည်းများလည်း ရှိနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။)

Credit: Phyu Thin Shwe