လိမ္မော်သီးအရည်ပါ ပါဝင်တာကြောင့် အအီပြေစေသော အသီးအရွက်ကြော် ဖြစ်ပါတယ်။ အားလုံးကြော်စားလို့ရအောင် မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ – ၅ တက် (ဓားပြားရိုက်)
- လိမ္မော်ပျားရည် အသားပြား – ၅ ပြား (အနေတော်လေးတွေ လှီးထားပါ)
- ငရုတ်ပွဝါ – ၁ ခြမ်း (ခပ်သေးသေး အတုံးလေးတွေလှီးထားပါ)
- ငရုတ်ပွနီ – ၁ ခြမ်း (ခပ်သေးသေး အတုံးလေးတွေလှီးထားပါ)
- ပဲသီးရှည် – ၁ စည်း (လက်၂ ဆစ် အရှည်လှီးထားပါ)
- ဂေါ်ဖီ – ၁ စိတ် (အနေတော် လှီးထားပါ)
- ချင်း – ၂ စင်တီမီတာ (အရှည်မျှင်မျှင်လေးတွေ လှီးထားပါ)
- ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပဲငံပြာရည် အချို – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
- ပဲငံပြာရည် အငန် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- လိမ္မော်ရည် – စားပွဲဇွန်း ၁ ဇွန်း
- ပဲဆီ – စားပွဲဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
- မီးဖိုပေါ်ကို ဇောက်နက် ဒယ်အိုးတင်ပါ။ အိုးပူလာလျှင် ဆီ ကြက်သွန်ဖြူ၊ ချင်း ဆီသတ်ပါ။
- ကြက်သွန်ဖြူများ နွမ်းလာလျှင် ပဲသီးနှင့် ဂေါ်ဖီ အရင်ထည့်ကြော်ပါ။
- လိမ္မော်ရည်၊ ပဲငံပြာရည် အချို၊ ပဲငံပြာရည်အငန်၊ ဆား အားလုံးထည့်ပြီး ၄-၅ မိနစ် လောက်ကြော်ပြီးလျှင် ငရုတ်ပွနီ၊ ဝါ ထည့်ပါ။ နှံ့အောင်မွှေပြီး ၅-၇ မိနစ်လောက် တည်ပါ။ လိမ္မော်ပျားရည် အသားပြားကိုထည့်ပြီး သေချာနှံ့အောင်မွှေပေးပြီး မီးဖို ပေါ်မှချပါ။ အသီးအရွက်များ အရမ်းနူးအိအောင် မထားပါနှင့် ဗီတာမင်ဓာတ်များ ပျက်ပျယ်တတ်ပါတယ်။
- လိမ္မော်ပျားရည် အသားပြားကိုထည့်ပြီး သေချာနှံ့အောင်မွှေပေးပြီး မီးဖို ပေါ်မှချပါ။
- အသီးအရွက်များ အရမ်းနူးအိအောင် မထားပါနှင့် ဗီတာမင်ဓာတ်များ ပျက်ပျယ်တတ်ပါတယ်။
မှတ်ချက် – ဝက်သားပြားနှင့် မကြိုက်လျှင် ပင်လယ်စာ(သို့) တခြားအသားဖြင့် ပြောင်းချက်လို့ရပါတယ်။