ကြက်ရေခွံကြော်ကြိုက်သူတွေအတွက် ဒီတစ်ခေါက်မှာတော့ ကြွပ်ကြွပ်ယွယွလေးနဲ့ ကလေးရောလူကြီးပါ အကြိုက်တွေ့စေမယ့် ကြက်ရေခွံကြော်နည်းလေးကိုပြောပြပေးချင်ပါတယ်။အဆီတွေအားလုံးဖယ်ထုတ်ပြီးမှ ကြော်မှာဖြစ်တဲ့အတွက် ဝိတ်တက်မှာလည်းမပူရတော့ဘူးနော်။သရေစာအနေနဲ့ပဲစားစား အမြည်းအနေနဲ့စားစား အဆင်ပြေတဲ့အလွယ်ကူဆုံး ကြက်ရေခွံကြော်နည်းလေးကိုပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရေခွံ ၃၀၀ ဂရမ်
  • ဆား အနည်းငယ်
  • ရှာလကာရှည် ၁ ဇွန်း
  • ငရုပ်ကောင်း လက်ဖက်စားဇွန်း ၁ ဇွန်း
  • ငရုပ်သီးအစိမ်းမှုန့် ၃ ဇွန်း
  • သံလွင်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးကြက်အရေခွံကို ရေဆေးသန့်စင်ပြီး အရေခွံပေါ်မှာရှိတဲ့ အဆီတုံးလေးတွေနဲ့ သားမြတ်လေးတွေကို ဓားခပ်ပါးပါးလေးဖြင့် လှီးထုတ်ဖယ်ရှားပေးရပါတယ်။

(၂) ထို့နောက်သန့်စင်ပြီးသား ကြက်ရေခွံလေးတွေကို စက္ကူပေါ်မှာ ပြန့်ပြန့်ပြူးပြူးလေးဖြန့်ခင်းပြီး ရေစစ်ထားရပါမယ်။

(၃) ကြက်ရေခွံရေစစ်ထားချိန်မှာတော့ ပန်းကန်တစ်ခုအတွင်း သံလွင်ဆီ ဆားအနည်းငယ် ရှာလာကာရှည်တစ်ဇွန်း ငရုပ်ကောင်း အရသာမှုန့် ငရုပ်သီးမှုန့်တို့ကိုရောထည့်ပြီးသမအောင်မွှေပေးရပါမယ်။အစပ်အရသာမကြိုက်တဲ့သူတွေကတော့ ငရုပ်သီးမှုန့်မထည့်ပဲပြုလုပ်နိုင်ပါတယ်။

(၄) ဆက်လက်ပြီး Oven အတွင်းကြော်ဖို့ လင်ပန်းတစ်ခုအတွက်း ဆီစိမ်စက္ကူလေးခင်းရပါမယ်။ပြီးရင်တော့ ရေစစ်ထားတဲ့ ကြက်ရေခွံလေးကို ဆီစိမ်စက္ကူပေါ်ပြန့်ပြန့်ပြူးပြူးလေး တစ်လွှာချင်း ထပ်မံပြင်ဆင်ရပါမယ်။ပြီးရင်တော့ ခုနကမွှေထားတဲ့ အရသာအနှစ်လေးကို ကြက်ရေခွံပေါ် ခပ်ပါးပါးလေးသုတ်လိမ်းပြီး မိနစ် ၃၀ ခန့်နှပ်ထားရပါမယ်။မီးဖိုချောင်မှာသုံးတဲ့ စုတ်တံလေးရှိရင်တော့ ပိုပြီးလွယ်ကူအဆင်ပြေစေမှာပါ။

(၅) နောက်ဆုံးအနေနဲ့ သံလွင်ဆီလေးအနည်းငယ် ကြက်အရေခွံအပေါ်သုတ်လိမ်းပေးရပါမယ်။ ပြီးရင်တော့ Oven အတွင်း အပူချိန် ၁၀၀ ဒီဂရီစင်တီဂရိတ်ခန့်ဖြင့် ၁၅ မိနစ်လောက်ထည့်ထားလိုက်ပါ။ကြက်ရေခွံလေးတွေကကြွပ်လာပြီး ရွှေရောင်သန်းလာပြီဆိုရင်တော့ ကြွပ်ကြွပ်ယွယွလေးနဲ့ စားမလောက်တဲ့ ကြက်ရေခွံကြော်ကြွက်ကြွက်လေးရပြီပဲဖြစ်ပါတယ်။ထိုနောက် ပန်းကန်တစ်ခုတစ်တွင်းအလှဆင်ပြီး ကြိုက်နှစ်သက်ရာဆော့စ် သို့မဟုတ် မရိုးနစ်ဖြင့် တွဲဖက်သုံးဆောင်လို့ရပါပြီ။

Source : Owcarbmaven