ကျန်းမာရေးအတွက်လည်း အဆင်ပြေ ကောင်းမွန်သော ကြက်သွန်မြိတ်ကို ပင်လယ်စာဖြင့် ကြော်ထားတာ လေးက ဒီအတိုင်း အဆာပြေ အစာစားလို့ ရသလို ထမင်းနဲ့လည်း တွဲစားရင် အဆင်ပြေစေပါတယ်။ အရသာအလွန်မြိန်ပြီး လုပ်ရတာလည်း လက်မဝင်တော့ အိမ်ရှင်မတိုင်း အထူးကြိုက်နှစ်သက်မှာ အသေအချာပါပဲ။
ပါဝင်ပစ္စည်းများ
- ကြက်သွန်မြိတ် – ၁၅ဝ ဂရမ်
- ပင်လယ်စာစုံ – ၁၆ဝ ဂရမ် (ခပ်သေးသေးလေးတွေ လှီးထားပါ)
- (အုပ်စု (က) အနှစ်လုပ်ရန်)
- ဂျုံ – ၁ ခွက်ခွဲ
- Flour – ၁ ခွက်
- ဆန်မှုန့် – ခွက်တစ်ဝက်
- ကြက်ဥ – ၁ လုံး
- ရေ – ၂ ခွက်
- (အုပ်စု (ခ) အချဉ်ရည်လုပ်ရန်)
- ပဲငံပြာရည် – စားပွဲဇွန်း ၅ ဇွန်း
- ရှလကာရည် – စားပွဲဇွန်း ၂ ဇွန်း
- ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်မြိတ် – စားပွဲဇွန်း ၁ ဇွန်း (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ – လက်ဖက်ရည်ဇွန်း တစ်ဝက်ဇွန်း (နုပ်နုပ်စဉ်းထားပါ)
- နှမ်းစေ့ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
- မလိုအပ်သော ကြက်သွန်ပင်ထိပ်လေးများကို ဖြတ်ပြီး လက်လေးလုံးအရှည်လောက် ဖြတ်ထားပါ။ ပင်လယ်စာစုံများကို သေးသေးလေးတွေ လှီးထားပါ။
- ဖန်ဇလုံထဲ အုပ်စု (က)များ ထည့်ပြီး ခလောက်တံဖြင်မွှေပြီး အကြော်နှစ်ရအောင် ခလောက်ပါ။ အကြော်အနှစ်ထဲ အတုံးသေးလှီးထားသော ပင်လယ်စာတစ်ဝက်ဖြင့် ရောပါ။
- မီးမျှင်မျှင်လေးဖြင့် ဆီအပူပေးထားသောဒယ် အိုးထဲ ကြက်သွန်မြိတ်များ သေချာအပြား လိုက်စီတင်ပါ။ ကြက်သွန်မြိတ်ပေါ်မှ ပင်လယ် စာရောမုန့်နှစ်များ ဇွန်းခွက်လေးဖြင့် သေချာနှံ့အောင် လောင်းပါ။
- ကြက်သွန်မြိတ်ကျက်လျှင် တစ်ဖက်ကိုလှည့်ပေးပါ။ ကျန်ပင်လယ်စာများ အနည်းငယ်ထပ်ဖြူးပြီး မုန့်နှစ်ထပ်လောင်းပါ။ ရွှေညိုရောင်သန်းလာသည်အထိ ကြော်ပါ။
- အုပ်စု (ခ) မှ ပါဝင်ပစ္စည်းများကို ဇလုံထဲထည့်ပြီး ခလောက်ပါ။ ကြက်သွန်မြိတ်ကြော်ပူပူနဲ့ တို့စားပါ။