အရသာတမျိုးလေးထူကဲပြီး အလှုုမင်္ဂလာပွဲတွေမှာ သိပ်ကို တောင်းဆိုတဲ့အရံဟင်းပွဲလေးပါ။ မစည်ရဲ့ မြန်မာ့အစားအစာ ပန်းခြံရဲ့ Menu မှာ နာမည် အကြီးဆုံး အရန်ဟင်းပွဲလေးမို့ ပရိတ်သတ်ကြီးလဲ ချက်စားကြည့်လို့ရအောင် ဖော်ပြလိုက်တယ်နော်။
ပါဝင်ပစ္စည်းများ
- ခရမ်းကဆော့သီး – ၅ စီး (အသီးလေးတွေကို ခြွေထားပါ)
- ပုစွန် ခြောက်မှုန့် – စားပွဲဇွန်း ၆ ဇွန်း
- နနွင်းမှုန့် – လက်ဖက်ဇွန်း ၁ ဇွန်း
- ငံပြာရည် – စားပွဲဇွန်း ၃ ဇွန်း ခွဲ
- ကြက်သွန်ဖြူ – ၁ ဥ (ထောင်းထားပါ)
- ကြက်သွန်နီ – ၆ ဥ (ထောင်းထားပါ)
- ငရုတ်သီးထက်ခြမ်းကွဲ – စားပွဲဇွန်း ၃ ဇွန်း ခွဲ ၅ (အစပ်ကြိုက်လျှင် ထပ်ထည့်ပါ)
- ဆီ စားပွဲဇွန်း – ၇ ဇွန်း ခွဲ (လိုရင် ထပ်ထည့်ပါ)
- မြေပဲ စားပွဲဇွန်း – ၅ ဇွန်း (ထောင်းထားပါ)
ပြုလုပ်နည်း
- မကပ်သော အကြော်ဒယ်အိုးထဲမှာ ဆီပူအောင်တည်ပါ။
- ဆီ ပူလာလျှင် နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကျက်လာလျှင် ငံပြာရည် ထည့်ပါ။ အနံ့မွှေးလာလျှင် ကျန်ပစ္စည်းတွေ ထဲ့ ပြီး ကြော်ပါ။
- ခရမ်းကဆော့သီး လေးတွေ နွမ်းလာလျှင် ဟင်းချိုမှုန့်ကိုဖြူးပြီး အပေါ့အငံ မြည်းပြီး လိုတာထပ်ဖြည့်ပါ။ နေ့လည်စာ သခွာသီး၊ သရက်သီး၊ ဒညှင်း တို့စရာ တို့ဖြင့်တွဲဖက် စားလျှင် သိပ်လိုက်ဖက်ပါတယ်။
*မှတ်ချက် – အငံ မစားနိုင်သူများအတွက် အငံပိုကဲတဲ့ ငခြောက်မှုန့်ကို ငံပြာရည် နှင့် ပုစွန်ခြောက် နှစ်ခု လုံးမထည့်ပဲ အစားထိုး အသုံးပြုနိုင်ပါတယ်။ ကိုယ့်စိတ်တိုင်း ကြ ပါဝင်ပစ္စည်းများကို အတိုးအရှော့လုပ်ပြီး ချက်လဲ အရသာအများကြီး မပြောင်းလဲသွားပါ။
Credit: Syi Foods Garden