သုံးသည့် မုန်ညင်းချဉ် ၊ ပဲငံပြာရည် (အပျစ် ၊ အကျဲ) ၊ Chicken Powder များ အမျိုးအစား မတူနိူင်သည့် အတွက် အပေါ့အငံ ချိန်ဆ ထည့်ပေးပါ။
ပါဝင်ပစ္စည်းများ
- ဝက်သုံးထပ်သား 650 g (၄၃ ကျပ်သားခန့်)
- ပဲငံပြာရည် အပျစ် (Sweet Soy Sauce) – ထမင်းစားဇွန်း ၄ ဇွန်း
- ပဲငံပြာရည် အကျဲ (Light Soy Sauce) – ထမင်းစားဇွန်း ၃ ဇွန်း
- ပဲငံပြာရည် အကျဲ (Light Soy Sauce) – ထမင်းစားဇွန်း ၃ ဇွန်း
- ဟင်းချက်ဝိုင် (Cooking Wine) – ထမင်းစားဇွန်း ၁ ဇွန်း
- Chicken Powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- မုန်ညင်းချဉ် – 1 Cup (250 ml) ခန့် (လက်တစ်ဆစ်အရှည်ခန့်လှီးထားပါ)
- ပိန်းဥ – 1 Cup (250 ml) ခန့် ( အခွံခွါပြီး လက်တစ်ဆစ်ခန့် အတုံးလေးများ လှီးထားပြီး အနည်းငယ်နူးနေအောင် အဖုံးဖုံးပြီး Microwave ထဲထည့်ကာ ၁ မိနစ်ခွဲခန့် အပူပေးထားပါ။)
ပြင်ဆင်ပြုလုပ်နည်း
ဝက်သုံးထပ်သားကို ပွက်ပွက်ဆူနေသော ရေထဲ ထည့်ပြီး တစ်ဖက်ကို ၁၀ မိနစ်စီခန့်ဖြင့် မိနစ် ၂၀ ခန့့် Medium Heat ဖြင့် အိုးအဖုံး ဖုံးကာ ပြုတ်ပေးပါ။ (အသားတစ်ဝက်ခန့် ကျက်ပြီး အခေါက်များ အရမ်းမနူးစေရန် အချိန်အကြာကြီး မပြုတ်ရပါ။)
ဆယ်ထုတ်ထာပြီးနောက် အေးသွားလျှင် ပဲငံပြာရည် အပျစ် ၊ ပဲငံပြာရည်အကျဲ ၊ ဟင်းချက်ဝိုင် ၊ Chicken Powder တို့ဖြင့် နယ်၍ လှီးရလွယ်ကူစေရန် ရေခဲသေတ္တာ (မခဲသည့် အဆင့်fridge) ထဲ အနည်းဆုံး ၄ နာရီခန့် ထည့်ထားပါ။ (ခဲသည့် အဆင့်freezer) ထဲထည့်လျှင် အဖုံးဖုံးပြီး ၁ နာရီခွဲခန့် ထားပါ။)
ပြီးလျှင် တတ်နိူင်သမျှ ပါးပါးရှည်ရှည် လှီးပေးပါ။ (အသားကို ကျက်သွားအောင် ပြုတ်ထားတာမဟုတ်၍ သွေးအနည်းငယ် ကျန်ပါတယ်။)
အရွယ်ညီကာ ပိုလှသည့် အသားများကို အပူခံနိူင်သော ပန်းကန်လုံးထဲ အောက်ပုံပါ အတိုင်း စီထည့်ပေးပါ။ (ပေါင်းပြီးလျှင် ပန်းကန်ပြားတစ်ချပ်ပေါ် မှောက်ချ မည်ဖြစ်၍ အပြင်ဖက်က လှလှပပ ဖြစ်နေစေရန် အခေါက်များကို အပြင်ဖက်ထားပြီး တတ်နိူင်သမျှ အကွာအဝေး ညီညီညာညာစီပေးပါ။) စီပြီးလျှင် မုန်ညင်းချဉ်ထည့်ပါ။ ပိန်းဥထည့်ပါ။
ကျန်နေသည့် အသားပိုများပါထည့်ပြီးနောက် အသား နယ်ထားသည့် အရည်များကို ဖြန့်ပြီး လောင်းထည့်ပေးပါ။ Aluminium Foil ဖြင့် ဖုံးအုပ်၍ ပွက်ပွက်ဆူနေသော ရေအိုးပေါ်တင်ပြီး High Heat ဖြင့် အိုးအဖုံး ဖုံးကာ ၁ နာရီခွဲခန့် ပေါင်းပေးပါ။
ပေါင်းပြီးလျှင် အိုးအဖုံး နှင့် Aluminium Foil ကို ဖွင့်ကာ လက်အပူမလောင်စေရန် အနည်းငယ် အအေးခံထားပါ။ အနည်းငယ် အေးသွားလျှင် ပုံပါအတိုင်း ပန်းကန်ပြား ခပ်စောက်စောက်တစ်ချပ်ကို ပန်းကန်လုံးပေါ် မှောက်တင်ပြီး အထက်အောက် ပြောင်းပြန်လှန်ကာ မှောက်ချပေးပါ။ (မှောက်ချသောအချိန်တွင် အနည်းငယ်ပူနေသေးကာ အရည်များ စီးကျလာနိူင် သဖြင့် ပန်းကန် ၂ ခုလုံးကို သေသေချာချာကိုင်ထားဖို့ လိုပါတယ်။)
ပြီးနောက် ပန်းကန်လုံးကို ဖယ်လိုက်လျှင် လှပနူးအိကာ စားကောင်းလှသော မုန်ညင်းချဉ် ပိန်းဥ ဝက်သုံးထပ်သားပေါင်းလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
Credit: Chaw Su’s Food Friends