ပါဝင်ပစ္စည်းများ
- ဝက်အူမကြီး
- ဆား
- ရေနွေး
- သကြား
- ပဲငံပြာရည် – ကြာညို့
- ကြက်သွန်ဖြူ
- တရုတ်မဆလာ
- ဂျင်း
- နံနက်ပွင့်
- ဆီ
ပြင်ဆင်ပြုလုပ်နည်း
၁။ ဝက်အူမကြီးကို ဖြတ်ပြီး ပြောင်းပြန်လှန်၊ ဆားနဲ့နယ် ရေနွေး နဲ့ ဆေးပါတယ်။ သုးံခါလောက် ဆေးပစ် လိုက်ပါတယ်။
၂။ ပြီးမှ ဆား၊ သကြား၊ ပဲငံပြာရည်၊ နံနက်ပွင့်၊ တရုတ်မဆလာ၊ ကြာညို့ တို့နဲ့နယ် ထားပါတယ်။
၃။ အိုးထဲ ဆီထည့် ဂျင်း၊ ကြက်သွန်ဖြူ ထောင်းပြီး ဆီသက်ပါ။ ကျက်တော့ ဝက်အူတွေ ထည့်ပါ။
၎။ ဝက်အူများကို နီသည်အထိ ဆီနှင့် လှိမ့်ပြီး ရေထဲ့ရ်ျ တည်ပါ။ သူ့ရေကုန်ရ်ျ မနူးသေးလျှင် ရေကို လိုသလောက် လိုက်ထဲ့ပေးပါ။
၅။ ဆီပြန်တော့ အချိုအငံ မြည်းရ်ျ သုးံဆောင် နိုင်ပါသည် ။
Credit: Daw Suu Suu