အားလုံးပဲမင်္ဂလာပါ။အရသာရှိပြီး ခံတွင်းတွေ့စေမယ့် ဟင်းလျာတွေကိုမှကိုယ်တိုင်ချက်ပြုတ်သုံးဆောင်ချင်တဲ့သူတွေအတွက် အရသာထူးကဲပြီး စားမြိန်စေမယ့် ထိုင်းစတိုင် အုန်းနို့ နာနတ်သီးပုဇွန်ဟင်းလျာချက်ပြုတ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကျားပုဇွန်အကောင်ကြီး ၆၀၀ ဂရမ်
  • နာနတ်သီး ၅၀၀ ဂရမ်
  • ငရုပ်သီးစိမ်း ၃ တောင့်
  • ငရုပ်သီးအနီ ၁ တောင့်
  • ကြက်သွန်နီသေး ၆ လုံး
  • ကြက်သွန်ဖြူ ၅ မွှာ
  • ဂျင်းအနည်းငယ်
  • နနွင်းစားပွဲတင်ဇွန်း ဇွန်းတစ်ဝက်ခန့်
  • ရှောက်ရွှက် ၂ ရွှက်
  • ခရမ်းသီးအသေး ၄ လုံး
  • အုန်းနို့ ၁၀၀ မီလီမီတာ
  • ရေ ၁ ခွက်
  • ဟင်းသီးဟင်းရွှက်ဆီ

ချက်ပြုတ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံး နာနတ်သီးကိုအခွံခွာပြီး အလယ်အူတိုင်ထုတ်ရပါမယ်။သန့်စင်ပြီးသားနာနတ်သီးကို ကုဗတုံးပုံစံ သို့မဟုတ် အလျားလိုက်အတုံး လေးတွေကို မိမိစိတ်ကြိုက်ပုံစံအတိုင်း လှီးဖြတ်ပေးပါ။ခရမ်းသီးကိုလည်း ထို့နည်းအတူအလျားလိုက်အနေတော်အတုံးလေးတွေတုံးပေးပါ။

(၂) ထို့နောက် ကြက်သွန်နီ ကြက်သွန်ဖြူ ရှောက်ရွှက် ဂျင်း ငရုတ်သီးစိမ်း တို့ကို ကြိတ်စက်ထဲရောထည့်ပြီးကြိတ်ပေးပါ။ကြိတ်စက်အတွင်းသို့ ဟင်းရွှက်ဆီတစ်ဇွန်းခန့်ထည့်၍ ကြိတ်ပေး ပေးနိုင်ပါတယ်။ကြိတ်ပြီး ရလာတဲ့အနှစ်ကိုတော့ ပန်းကန်တစ် ခုအတွင်းပြောင်းထည့်လိုက်ပါ။

(၃) ပုဇွန်ရဲ့အမြှီးနဲ့ခေါင်းကိုဖြုတ်ပြီး ကျောရိုးအလယ်မှာရှိတဲ့အမဲချောင်းလေးကိုလည်း ဖယ်ထုတ်ပြီးရေဆေးကြောသန့်စင်ပေးရပါမယ်။ဟင်းအရသာပိုကောင်းစေချင်ရင်တော့ ပုစွန်ရဲ့ခေါင်းကိုပြန်လည်အသုံးပြုနိုင်ပါတယ်။

(၄) ထို့နောက် ဒယ်အိုးကို မီးအနေတော်ဖြင့်အပူပေးပါ။ဒယ်အိုးပူလာပြီဆိုရင်တော့ ဟင်းသီးဟင်းရွှက်ဆီ ၃ ဇွန်းခန့်ထည့်ပြီး ခုနကကြိတ်ထားတဲ့ အနှစ်ကိုထည့်ကာ ဆီသပ်ပေးပါ။ ၇ မိနစ်ခန့်ဆီသပ်ပြီး အနံ့မွှေးလာပြီဆိုရင်တော့ လှီးထားတဲ့ နာနတ်သီးနဲ့ခရမ်းသီးကိုထည့်ပြီးမွှေပေးပါ။၁မိနစ်ခန့်မွှေပေးပြီးရင်တော့ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ကာ ၁၀ မိနစ် ဝန်းကျင်လောက်တည်ထားပေးလိုက်ပါ။

(၅) ၁၀ မိနစ်ပြည့်ရင် ပုစွန်နဲ့ အုန်းနို့ထပ်ရောထည့်ပြီး မွှေပေးရပါမယ်။ပုစွန်နဲ့အုန်းနို့ထည့်ပြီး နောက်ထပ် ၁၀ မိနစ်ခန့်ချက် ပေးထားရပါမယ်။ဒါဆိုရင်တော့ အုန်းနို့အရသာဆိမ့်ဆိမ့်လေးနဲ့ နာနတ်သီးပုဇွန်ချိုချဉ်ဟင်းလျာလေးကို အသင့်သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

Source : Asianfoodnetwork