ကိုရီးယား အစားအစာတွေထဲမှာ နာမည်ကြီး (မီနူး) တစ်ခုဖြစ်သည့် Pork-Belly ပြုလုပ်နည်း ။ ကိုရီယားအခေါ် Sam Gyub Sal ပြုလုပ်နည်းလေးပြောပြမယ် ။
ပါဝင်ပစ္စည်းများ
- ဝက်ဗိုက်သား
- ဝိုင်အနီ(Red-Wine)ကို
- ပန်းပင်ရေဖြန်းတဲ့ ဗူးအသေးအပေါ်
- ဆား – အနည်းငယ်
- ငရုပ်ကောင်းမှုန့် – အနည်းငယ်
ပြုလုပ်နည်း
- ပုံတွင် ပြထားသည့် ဝက်၏ ဗိုက်သားကို 5mm လောက်မထူလွန်း ၊ မပါးလွန်း အချပ်လိုက် လှီးပါ ။
- လှီးထားသည့် ဝက်သားပြားများ ပေါ်သို့ ဝိုင်အနီ (Red-Wine) ကို ပန်းပင် ရေဖြန်းတဲ့ ဗူးအသေးလေးထဲ ထည့်ပြီး အသားပြားများပေါ် ဖြန်းပေးရပါတယ် ။
- ထို့နောက် ဝက်အသားပြားများ အပေါ် ဆား အနည်းငယ် ၊ ငရုပ်ကောင်းမှုန့် အနည်းငယ်မျှ ဖြူးပေးပြီး အနည်းဆုံး ၂-နာရီမှ ၄-နာရီအတွင်း နှပ်ထားရပါတယ် ။
- ဝက်အသားပေါ်ကို ဝိုင်အနီ(Red-Wine) ဖြန်းပေးခြင်းဖြင့် ဝက်အသားကို ပိုပြီးနူးညံ့ ၊ အရောင်လှစေပါတယ် ။ အချို့ ဝက်အသားများက ဝက်အဖိုသားများ ဖြစ်၍ ဝက်သိုးအနံ့(Male Smell)အနံ့ရှိပါတယ် ။ ထိုအနံ့များကိုလည်း အထိုက်အလျှောက် ပျောက်စေပါတယ် ။
- ထို့နောက် ဝက်သားများကို BBQ-Plate ပေါ်တင်ပြီး ကင်လို့ ရပါပြီ ။ BBQ-Plate မရှိပါက ရိုးရိုးဒယ်ပြားပေါ်တင်ပြီး ကင်၍ လက်နှစ်လုံး အရွယ်ခန့် ကပ်ကြေးဖြင့် ဖြတ်ထား ရပါမယ် ။
ပါဝင်ပစ္စည်းများ (Pork-Belly ဆော့ပြုလုပ်ရန်)
- ကိုရီးယား ပဲအနှစ် – ၃ ဆ
- ကိုရီးယား ချီလီအနှစ် – ၁ ဆ
- Corn-Syrup (မရှိရင်) ပျားရည် – ၁ ဆ
- သကြား – အနည်းငယ်
- ကြက်သွန်နီ
- ကြက်သွန်အဖြူ
- ငရုပ်သီးစိမ်း – အနည်းငယ်
- ဆလတ်ရွက်
- ကင်ချီ
- ့နှမ်းဆီအနည်းငယ်
- ဆား
- ငရုပ်ကောင်းမှုန့်
ပြုလုပ်နည်း
- ကြက်သွန်နီ ၊ ကြက်သွန်အဖြူ ၊ ငရုပ်သီးစိမ်း. အနည်းငယ် တို့ကို ကြိတ်ပြီးရောမွှေပေးပါ ။ ဆော့ရပါပြီ ။
- ကပ်ကြေးဖြင့် အသင့် ညှပ်ထားသည့် ဝက်သားပြား တစ်ပြားကို ဆလတ်ရွက် တစ်ရွက်ပေါ် တင်ပြီး pork-belly ဆော့အနည်းငယ် ထည့်ကာ ကင်ချီ အနည်းငယ်ထည့်၍ ပလုပ်ပလောင်းစားကြပါသည် ။
- အချို့က ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းကို ပါးပါးလှီးပြီး ထည့်စား ကြပါသည် ။
- တစ်ချို့ ကိုရီးယားက Pork Belly ဆော့ဖြင့် မစားပဲ ပန်းကန်ထဲသို့နှမ်းဆီ အနည်းငယ် ထည့်၍ ဆားနှင့် ငရုပ်ကောင်းမှုန့် ထည့်ကာ ဝက်သားကင်နှင့် တို့ပြီး စားကြပါသည် ။
Credit: ဇွဲသုသု