ကိုရီးယား အစားအစာတွေထဲမှာ နာမည်ကြီး (မီနူး) တစ်ခုဖြစ်သည့် Pork-Belly ပြုလုပ်နည်း ။ ကိုရီယားအခေါ် Sam Gyub Sal ပြုလုပ်နည်းလေးပြောပြမယ် ။

ပါဝင်ပစ္စည်းများ

  • ဝက်ဗိုက်သား
  • ဝိုင်အနီ(Red-Wine)ကို
  • ပန်းပင်ရေဖြန်းတဲ့ ဗူးအသေးအပေါ်
  • ဆား    –   အနည်းငယ်
  • ငရုပ်ကောင်းမှုန့်    –   အနည်းငယ်

ပြုလုပ်နည်း

  1. ပုံတွင် ပြထားသည့် ဝက်၏ ဗိုက်သားကို 5mm လောက်မထူလွန်း ၊ မပါးလွန်း အချပ်လိုက် လှီးပါ ။
  2. လှီးထားသည့် ဝက်သားပြားများ ပေါ်သို့ ဝိုင်အနီ (Red-Wine) ကို ပန်းပင် ရေဖြန်းတဲ့ ဗူးအသေးလေးထဲ ထည့်ပြီး အသားပြားများပေါ် ဖြန်းပေးရပါတယ် ။
  3. ထို့နောက် ဝက်အသားပြားများ အပေါ် ဆား အနည်းငယ် ၊ ငရုပ်ကောင်းမှုန့် အနည်းငယ်မျှ ဖြူးပေးပြီး အနည်းဆုံး ၂-နာရီမှ ၄-နာရီအတွင်း နှပ်ထားရပါတယ် ။
  4. ဝက်အသားပေါ်ကို ဝိုင်အနီ(Red-Wine) ဖြန်းပေးခြင်းဖြင့် ဝက်အသားကို ပိုပြီးနူးညံ့ ၊ အရောင်လှစေပါတယ် ။  အချို့ ဝက်အသားများက ဝက်အဖိုသားများ ဖြစ်၍ ဝက်သိုးအနံ့(Male Smell)အနံ့ရှိပါတယ် ။   ထိုအနံ့များကိုလည်း အထိုက်အလျှောက် ပျောက်စေပါတယ် ။
  5. ထို့နောက် ဝက်သားများကို BBQ-Plate ပေါ်တင်ပြီး ကင်လို့ ရပါပြီ ။   BBQ-Plate မရှိပါက ရိုးရိုးဒယ်ပြားပေါ်တင်ပြီး ကင်၍ လက်နှစ်လုံး အရွယ်ခန့် ကပ်ကြေးဖြင့် ဖြတ်ထား ရပါမယ် ။

ပါဝင်ပစ္စည်းများ (Pork-Belly ဆော့ပြုလုပ်ရန်)

  • ကိုရီးယား ပဲအနှစ်   –    ၃ ဆ
  • ကိုရီးယား ချီလီအနှစ်   –   ၁ ဆ
  • Corn-Syrup (မရှိရင်) ပျားရည်   –   ၁ ဆ
  • သကြား   –   အနည်းငယ်
  • ကြက်သွန်နီ
  • ကြက်သွန်အဖြူ
  • ငရုပ်သီးစိမ်း   –   အနည်းငယ်
  • ဆလတ်ရွက်
  • ကင်ချီ
  • ့နှမ်းဆီအနည်းငယ်
  • ဆား
  • ငရုပ်ကောင်းမှုန့်

ပြုလုပ်နည်း

  1. ကြက်သွန်နီ ၊ ကြက်သွန်အဖြူ ၊  ငရုပ်သီးစိမ်း. အနည်းငယ် တို့ကို ကြိတ်ပြီးရောမွှေပေးပါ ။   ဆော့ရပါပြီ ။
  2. ကပ်ကြေးဖြင့် အသင့် ညှပ်ထားသည့် ဝက်သားပြား တစ်ပြားကို ဆလတ်ရွက် တစ်ရွက်ပေါ် တင်ပြီး pork-belly ဆော့အနည်းငယ် ထည့်ကာ ကင်ချီ အနည်းငယ်ထည့်၍ ပလုပ်ပလောင်းစားကြပါသည် ။
  3. အချို့က ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းကို ပါးပါးလှီးပြီး ထည့်စား ကြပါသည် ။
  4. တစ်ချို့ ကိုရီးယားက Pork Belly ဆော့ဖြင့် မစားပဲ ပန်းကန်ထဲသို့နှမ်းဆီ အနည်းငယ် ထည့်၍ ဆားနှင့် ငရုပ်ကောင်းမှုန့် ထည့်ကာ ဝက်သားကင်နှင့် တို့ပြီး စားကြပါသည် ။

ready

Credit: ဇွဲသုသု