ချဉ်ငံစပ်ဝက်နံရိုးနှင့် ကြက်သားကြာဇံချက်နည်းကို မျှဝေပါရစေနော် ။
ပါဝင်ပစ္စည်းများ
-
- ဝက်နံရိုး – ၃၀ သားခန့်
- ကြက်သား – ၂၀ သားခန့်
- ရေ
- ကြက်သွန်ဖြူ – ၅ ကျက်သား
- ငရုပ်ကောင်း
- နံနံပင်အမြစ် – ၅ ပင်
- ဆား – ထမင်းစားဇွန်းဝက်
- ခရုဆီ – ၃ ဇွန်း (ထမင်းစားဇွန်း)
- ပဲငံပြာရည် – ၂ ဇွန်း (ထမင်းစားဇွန်း၂)
- ကြာဇံ – ၁၅ ကျပ်သားခန့်
- မြေပဲလှော်
- ငရုပ်သီးမှူန့်
- ကြက်သွန်ဖြူဆီကျက်
- ကြက်သွန်မိတ်
- ရှမ်းနံနံ
ပြင်ဆင်ပြုလုပ်နည်း
- ဝက်နံရိုး ၃၀သားခန့်နှင့် ကြက်သား၂၀သားခန့် ဆေးကြော သန့်စင်ထားပါ ။
- အိုးထဲ ရေ၂လီတာခန့် ထည့်ပြီး ကြက်သွန်ဖြူ ၊ ငရုပ်ကောင်း ၊ နံနံပင်အမြစ် ၅ပင်ခန့် ဓားပြားရိုက်ထည့်ကာ ဆူပွက်အောင်တည်ပါ။
- ဆူပွက်လာပါက ဝက်နံရိုး နဲ့ ကြက်သားထည့်ပါ ။ ဆား ထမင်းစားဇွန်းဝက် ၊ ခရုဆီ ထမင်းစားဇွန်း၃ဇွန်း ၊ ပဲငံပြာရည် ထမင်းစားဇွန်း၂ဇွန်း ထည့်ကာ ဝက်ရိုးနူးသည်ထိ တည်ထားပါ ။
- ကြာဇံ ၁၅ကျပ်သားခန့် ရေစိမ်ထားပါ ။ ပြုတ်ရည်ထဲက အသားများ နူးပါက တစ်အိုးစာ ခပ်ယူ၍ ကြာဇံလက်တဆုပ်ခန့် ထည့်ပါ ။ ကြာဇံကျက်ပါက မြေပဲလှော် ၊ ငရုပ်သီးမှူန့် ၊ ကြက်သွန်ဖြူဆီကျက်နဲ့ ကြက်သွန်မိတ် ၊ ရှမ်းနံနံ တို့ကို ထည့်၍ သုံးဆောင်နိုင်ပါပြီး ။
Credit: Thida Lay Lay