ချဉ်ငံစပ်ဝက်နံရိုးနှင့် ကြက်သားကြာဇံချက်နည်းကို မျှဝေပါရစေနော် ။

ပါဝင်ပစ္စည်းများ

    • ဝက်နံရိုး – ၃၀ သားခန့်
    • ကြက်သား – ၂၀ သားခန့်
    • ရေ
    • ကြက်သွန်ဖြူ – ၅ ကျက်သား
    • ငရုပ်ကောင်း
    • နံနံပင်အမြစ် – ၅ ပင်
  • ဆား – ထမင်းစားဇွန်းဝက်
  • ခရုဆီ – ၃ ဇွန်း (ထမင်းစားဇွန်း)
  • ပဲငံပြာရည် – ၂ ဇွန်း (ထမင်းစားဇွန်း၂)
  • ကြာဇံ – ၁၅ ကျပ်သားခန့်
  • မြေပဲလှော်
  • ငရုပ်သီးမှူန့်
  • ကြက်သွန်ဖြူဆီကျက်
  • ကြက်သွန်မိတ်
  • ရှမ်းနံနံ

ပြင်ဆင်ပြုလုပ်နည်း

  1. ဝက်နံရိုး ၃၀သားခန့်နှင့် ကြက်သား၂၀သားခန့် ဆေးကြော သန့်စင်ထားပါ ။
  2. အိုးထဲ ရေ၂လီတာခန့် ထည့်ပြီး ကြက်သွန်ဖြူ ၊ ငရုပ်ကောင်း ၊ နံနံပင်အမြစ် ၅ပင်ခန့် ဓားပြားရိုက်ထည့်ကာ ဆူပွက်အောင်တည်ပါ။
  3. ဆူပွက်လာပါက ဝက်နံရိုး နဲ့ ကြက်သားထည့်ပါ ။ ဆား ထမင်းစားဇွန်းဝက် ၊ ခရုဆီ ထမင်းစားဇွန်း၃ဇွန်း ၊ ပဲငံပြာရည် ထမင်းစားဇွန်း၂ဇွန်း ထည့်ကာ ဝက်ရိုးနူးသည်ထိ တည်ထားပါ ။
  4. ကြာဇံ ၁၅ကျပ်သားခန့် ရေစိမ်ထားပါ ။ ပြုတ်ရည်ထဲက အသားများ နူးပါက တစ်အိုးစာ ခပ်ယူ၍ ကြာဇံလက်တဆုပ်ခန့် ထည့်ပါ ။ ကြာဇံကျက်ပါက မြေပဲလှော် ၊ ငရုပ်သီးမှူန့် ၊ ကြက်သွန်ဖြူဆီကျက်နဲ့ ကြက်သွန်မိတ် ၊ ရှမ်းနံနံ တို့ကို ထည့်၍ သုံးဆောင်နိုင်ပါပြီး ။

Credit: Thida Lay Lay