ပါဝင်ပစ္စည်းများ

ဝက်သုံးထပ်သား – ၁၅ ကျပ်သား

ကောက်ညင်းဆန် – ၁လုံး

ပုဇွန်ခြောက် – လက်တစ်ဆုပ်

ဘဲဥ – ၁ လုံး သို့မဟုတ် ၂လုံး

ဝက်အူချောင်း

နာနတ်ပွင့် – ၁ပွင့်

မိူခြောက် – ၅ပွင့် (ရေစိမ်ပြီး လိုသလိုပိုင်းဖြတ်ထားပါ)

ကြက်သွန်ဖြူ – ၅ တက်

ကြက်သွန်နီ – ၁ဥ (လေးစိပ်စိပ်)

ဆား – ထမင်းစားဇွန်း တစ်ဝက်

တရုတ်ပဲငံပြာရည် – ထမင်းစားဇွန်း ၁ဇွန်း

သကြား – ထမင်းစားဇွန်း၂ဇွန်း

ပဲငံပြာရည်အနောက် – (လိုသလောက်အရောင်)

တရုတ်မဆလာ – လက်ဖက်ဇွန်း တစ်ဝက်

ငရုတ်ကောင်းမှုန့် – လက်ဖက်ဇွန်း တစ်ဝက်

ပြင်ဆင်ပြုလုပ်နည်း

ကောက်ညင်းဆန်ကို ရေဆေးပြီ နာရီဝက်လောက် ရေစိမ်ထားပေးပါ။ ထို့နောက် ဝက်သားကို မထူမပါးလှီးပြီး အရသာသွင်း သကြား၊ ကြက်သွန်ဖြူ၊ ဂျင်းထည့် ဆီသတ်ပြီး ဝက်သားထည့်ကာ နူးအိပြီး ဆီပြန်အောင် ချက်ထားပါ။ (ပုံမှန် ဝက်အချိုချက်ပုံစံပါပဲ)

ကောက်ညှင်းချက်ရန်အတွက် ဒယ်အိုးထဲတွင် ဝက်သားကထွက်တဲ့ဆီထည့်ပြီး ကြက်သွန်ဖြူ/နီ၊ နာနတ်ပွင့်၊ ပုဇွန်ခြောက်တို့ကို ထည့်ကြော်ပါ။ အမွှေးနံထွက်လာပြီဆို ကောက်ညင်းဆန်ထည့်မွှေ အရသာအတွက် ဆား၊ သကြား၊ တရုတ်ပဲငံပြာရည်၊ ငရုပ်ကောင်းမှုန့်၊ တရုတ်မဆလာထည့်၊ ချက်ထားတဲ့ဝက်သားတွေပါ ထည့်မွှေပေးပါ။ ထိုနောက် ချက်မဲ့ပါင်းအိုးထဲ အားလုံး သွန်ထည့်ပြီး ဝက်အူချောင်း၊ ဘဲဥပြုတ်၊ မှိုခြောက်တို့ပါတခါထဲ ထည့်ပေးပါ။

ရေကိုတော့ နို့ဆီဗူး ၁ဗူးနဲ့ တစ်ဝက်ထည့်ပြီး ချက်လို့ရပါပြီ။ ဆူပီဆို မကြာခဏ ဖြည်းဖြည်းချင်း အထက်အောက်လှန်ပေးပါ။ ကျက်ခါနီး အရသာမြည်းကြည့်ပြီး လိုအပ်တာပြုပြင်နိုင်ပါတယ်။ ပေါင်းအိုးမှကျက်ပြီး cook မှ warm ခလုတ်ပြောင်းပြီးရင် ၁၀မိနစ်လောက်ထားပြီးထပ် နှပ်ပေးပါ။ ပြီးလျှင် ပလပ်ဖြုတ်ပြီး နောက်ထပ် ၁၀မိနစ်လာက် အဖုံးမဖွင့်ပဲ ထားပေးပြီးရင်တော့ စားလို့ရပါပြီ။ (ဝက်အူချောင်း ကြိုက်ရင် ထည့်လို့ ရပါသည်။)

Credit: ဝါသနာအိုး