အားလုံးပဲမင်္ဂလာပါ။ကော်ပြန့်ကြော်ကြိုက်တဲ့ သူတွေအတွက် အရသာလည်းရှိ အိမ်မှာပဲအလွယ်တကူကြော်စားနိုင်မယ့် ဝက်သားကော်ပြန့်ကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။ရေနွေးကြမ်းလေးနဲ့ပဲစားစား ထမင်းနဲ့စားစားအရမ်းကိုအရသာ တဲ့ဝက်သားကော်ပြန့်ကြော်လေးဖြစ်တာကြောင့် အိမ်မှာလုပ်စားကြည့်လိုက်ပါအုန်းနော်။

ပါဝင်ပစ္စည်းများ

  • ဝက်မိုးခိုသား ၂၅၀ ဂရမ်
  • ကော်ပြန့်ရွှက် ၁၅ ရွှက်
  • ကြက်သွန်နီ ၂ လုံး
  • ကြက်သွန်ဖြူ ၃ တက်
  • ဂျင်း ၁ တက်
  • ကြက်သွန်မြိတ် ၆ ပင်
  • ပြောင်းဖူးမှုန့်စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြားစားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းမှုန့် ဇွန်းတစ်ဝက်ခန့်
  • ကြက်ဥ ၁ လုံး
  • ဟင်းသီဟင်းရွှက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ဝက်မိုးခိုသားကိုရေဆေးသန့်စင်ပြီး ပါးပါးလှီးပေးပါ။ထို့ နောက်ကြိတ်စက်အတွင်း ပါးပါးလှီးထားတဲ့ဝက်သားနှင့်အတူ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ကြက်သွန်မိတ် ငရုပ်ကောင်း ဆား သကြား ပြောင်းဖူးမှုန့် တို့ကိုရောထည့်ပြီး ကြိတ်ပေးရပါမယ်။

(၂) ကြိတ်ပြီးရရှိလာတဲ့ အစာများကို ပန်းကန်တစ်ခုအတွင်းသို့ပြောင်းထည့်ပေးပါ။ထို့နောက်ကြက်ဥကို ဆားအနည်းငယ်ထည့်ပြီးမွှေခေါက်ပေးရပါမယ်။ပြီးရင်တော့ပြန့်ပြန့်ပြူးပြူး ရှိတဲ့ အောက်ခံအခင်းပေါ်မှာ ကြော်ပြန့်ရွှက်ကိုခင်းပါ။ခုနကကြိတ်ထားတဲ့ ဝက်သားအစာပလာတွေကို ကြော်ပြန့်ရွှက်အတွင်းထည့်လိပ်၍ အစာသွပ်ပေးပါ။

(၃) ကော်ပြန့်လိမ်ရဲ့ အနားသပ်ကိုတော့ မွှေခေါက်ထားတဲ့ ကြက်ဥအနှစ်အနည်းငယ်သုတ်လိမ်းပြီး လိပ်ပေးပါ။ကော်ပြန့်လိပ်များအားလုံးလိပ်ပြီး အဆင့်သင့်ဖြစ်ပြီဆိုရင်တော့ ဒယ်အိုးတစ်ခုအတွင်း ဆီထည့်ပြီး အပူပေးထားရပါမယ်။

(၄) ဆီဆူလာပြီဆိုရင်တော့ ခုနကကော်ပြန့်လိပ်လေးတွေကိုထည့်ပြီး ကြော်ပေးပါ။ ၅ မိနစ်ခန့်ကြော်ပြီး ကော်ပြန့်လိပ်လေးတွေ ရွှေရောင်ပြောင်းလာပြီဆိုရင်တော့ အိုးထဲကဆယ်ပြီး ဆီစစ်ထားလိုက်ပါ။ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ ကြွပ်ကြွပ်ယွယွ ဝက်သားကော်ပြန့်လိပ်ကြော်လေးရရှိပြီပဲဖြစ်ပါတယ်။အရသာရှိတဲ့ကော်ပြန့်ကြော်လေးကို မိမိကြိုက်နှစ်သက် ရာအချဉ်ဖြင့်သုံးဆောင်နိုင်ပါပြီ။

Source : Kitchenbowl