ပါဝင်ပစ္စည်းများ

ဝက်သားသာကူလုံးပေါင်း.3

  • ထိုင်းသာကူစေ့ ထုပ်၁ထုပ်
  • ဆား
  • သကြား
  • ဝက်သား
  • ကြက်သွန်နီ
  • ငရုပ်ကောင်း
  • ပဲငံပြာရည်
  • ငရုပ်သီးစိမ်း
  • ဆလပ်ရွက်
  • နံနံပင်
  • ဆီ
  • ရေအေး

ပြုလုပ်နည်း

ဝက်သားသာကူလုံးပေါင်း.2

  1. ထိုင်းသာကူစေ့ ထုပ်၁ထုပ်ကို ဟင်းရည် ပန်းကန်လုံးငယ် နှစ်ခွက် ၊ ရေအေး အနည်းငယ်ဖြင့် ဆား ၊ သကြားနဲနဲ ထည့် နယ်ပြီး၃/၄နာရီ (၅)နာရီ မကျော်ရ နယ်နှပ်ထားပါ ၊၊
  2. ဝက်သား ၊ ကြက်သွန်နီကို ကြိတ်စက်နဲ့ ညက်အောင် ကြိတ်ပြီး ဆား ၊ သကြားနဲနဲထည့် ရေခမ်းအောင် ရောတည်ပြီး ရေခြောက်ပါက ဆီနဲနဲထည့်ကာ မွှေးကျက်အောင် ကြော်ပါ ၊၊
  3. ကျက်ခါနီး ငရုပ်ကောင်း ၊ ပဲငံပြာရည်နဲနဲ ထည့်ကြော်ပါ ၊၊
  4. သာကူပြဲ အချိန်စေ့ပါက လုံးရလွယ်အောင် ရေနွေးနဲနဲ ဖြန်းပြီး အလုံးလေး တလုံးစီလုံးကာ ကုန်အောင်လုံးထားပါ ။
  5. လုံးပြီး သာကူလုံးကို အဝိုင်းပြားလေး ပြားကာ ဝက်သား အစာကြော်ကို နဲနဲထည့်ပြီး ပြန်ပိတ် လုံးထားပါ ၊၊
  6. ရေနွေးဆူဆူ နဲ့ ပေါင်းအိုးထဲ စီထည့်ပြီး ကျက်အောင် ပေါင်းပေးပါ ၊၊ အလျင်လိုပါက ရေနွေးဆူဆူထဲ ထည့်ပြုတ်ပြီး အပေါ်တက်လာက ကျက်ပါပြီ ။
  7. နူးညံ့ပျော့အိ အရသာရှိသော ဝက်သား သာကူလုံးပေါင်းပေါ်ကို ဆီချက်ဖြူးပြီး ငရုပ်သီးစိမ်း ၊ ဆလပ်ရွက် ၊ နံနံပင်နဲ့ တွဲစားပါက အလွန် အရသာရှိသည် ၊၊ *(ဝက်သားအစား ကြက်သား ၊ ငါးနဲ့ လည်း ချက်နိုင်သည် ၊၊‎)

1-e1470977508624

Credit: Nang Zan Kyio Tip