အာလူးပဒေါင်ချက် နည်းလေး ရေးပေးမယ်ဆိုတာမေ့နေလိုက်တာ..
ပါဝင်ပစ္စည်းများ
- အာလူး
- မက်ခါသီး
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- ငရုတ်သီးစိမ်း
- ဆီ
- ဆား
ပြုလုပ်နည်း
- အရင်ဆုံး အာလူးကို ပြုတ်၊ အခွံနွှာပြီး ထောင်းထားပါ။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း ကို ထောင်းပြီး ဆီသတ်ပါ။ (မက်ခါသီး ရှိရင်ထည့်၊ မရှိရင် မထည့်လည်း ရသည်။)
- ဆီသတ်လို့ ရွှေရောင်သန်း လာရင် အားလူးထောင်းကို ထည့်ကြော်ပါ။ (အာလူးက ဆီစုပ်လို့၊ ဆီတော့ များများထည့်ရပါတယ် ။)
- အာလူးထောင်းထည့်၊ မွှေပြီးလို့ ဆီနဲနဲ ပြန်လာရင် ဆားထည့်ပါ။
- ဆီပြန်အောင်၊ နဲနဲခြောက်အောင်၊ ကြော်ပြီးရင် မွှေးပျံ့နေတဲ့ သက်သတ်လွတ် အာလူးပဒေါင်ချက် ရပါပြီ။
Credit: Sukhita Chaw