အာလူးပဒေါင်ချက် နည်းလေး ရေးပေးမယ်ဆိုတာမေ့နေလိုက်တာ..

ပါဝင်ပစ္စည်းများ

  • အာလူး
  • မက်ခါသီး
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငရုတ်သီးစိမ်း
  • ဆီ
  • ဆား

ပြုလုပ်နည်း

  1. အရင်ဆုံး အာလူးကို ပြုတ်၊ အခွံနွှာပြီး ထောင်းထားပါ။
  2. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း ကို ထောင်းပြီး ဆီသတ်ပါ။ (မက်ခါသီး ရှိရင်ထည့်၊ မရှိရင် မထည့်လည်း ရသည်။)
  3. ဆီသတ်လို့ ရွှေရောင်သန်း လာရင် အားလူးထောင်းကို ထည့်ကြော်ပါ။ (အာလူးက ဆီစုပ်လို့၊ ဆီတော့ များများထည့်ရပါတယ် ။)
  4. အာလူးထောင်းထည့်၊ မွှေပြီးလို့ ဆီနဲနဲ ပြန်လာရင် ဆားထည့်ပါ။
  5. ဆီပြန်အောင်၊ နဲနဲခြောက်အောင်၊ ကြော်ပြီးရင် မွှေးပျံ့နေတဲ့ သက်သတ်လွတ် အာလူးပဒေါင်ချက် ရပါပြီ။

Credit: Sukhita Chaw