အိမ်မှာ အလွယ်တကူ ကြော်စားလို့ အဆင်ပြေပြီး ပူပူနွေးနွေး အနံ့မွှေးမွှေးလေးနဲ့ ကလေးလူကြီး အားလုံးကြိုက်လို မကြာခန ကြော်ကျွေး ဖြစ်တဲ့ ထမင်းကြော်လေးပါရှင်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ကျား အရွယ်တော် – ၁၀ ကျပ်သား (၂၀) ကောင်ခန့်
- ပေါ်ဆန်းမွှေးဆန် – ၁ ဗူး (နို့ဆီဗူး)
- ဆီ – ၄ ဇွန်း (ဟင်းစားဇွန်း)
- ပဲ ငံပြာရည် အကြည် – ၃ ဇွန်း (ဟင်းစားဇွန်း)
- ခရုဆီ – ၃ ဇွန်း (ဟင်းစားဇွန်း)
- တရုတ် မဆလာ – အနည်းငယ်
- ငရုတ် ကောင်းမှုန့် – အနည်းငယ်
- ကြက်သွန်ဖြူ – ၃ တက် (သေးသေးစဉ်းထားပါ)
- ခါကျက်ဥ – အနည်းငယ် (အတုံးသေးတုံးထားပါ)
- ပြောင်းဖူး – အနည်းငယ် (အတုံးသေးတုံးထားပါ)
- ပဲစိမ်းလုံး – အနည်းငယ် (အတုံးသေးတုံးထားပါ)
- Baby Corn – အနည်းငယ် (အတုံးသေးတုံးထားပါ)
- ဆီ – ၃ ဇွန်း
- ကြက်ဥ – ၂ လုံး
- CP ကြက်အူချောင်း – ၁ ခု (အတုံးသေးတုံးထားပါ)
- ပဲငံပြာရည် အကြည် – ၁ ဇွန်း
ပြုလုပ်နည်း
- ပုဇွန်များကို ခေါင်းဖြုတ် ၊ အခွံသင် ၊ ကျောခွဲ သန့်စင်ပြီး ၄ – ၅ ကောင်ခန့် ချန်၍ သေးသေးစဉ်းကာ ပဲငံပြာရည် အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဖြင့်နယ်ထားပါ။
- ပေါ်ဆန်းမွှေး ဆန် နို့ဆီဗူး ၁ ဗူး ကို အရမ်း မပျော့အောင် ချက်ပြီး ဗန်းတစ်ခု ထဲမှာ ဖြန့်ပြီး အအေး ခံထားပါ။ ဒယ်ထဲဆီ ၃ ဇွန်း ထည့်ပြီး ဆီပူလာလျှင် သေးသေးစဉ်း ထားသော ကြက်သွန်ဖြူ ထည့်၍ ခနမွှေထားပေးပါ ။
- အနံ မွှေးလာပြီဆိုလျှင် ပုဇွန်လေးတွေ နှင့် ကြက်အူချောင်းထည့် မွှေပေးပါ။ တရုတ် မဆလာ အနည်းငယ် ထပ်ထည့်ကာ ပုဇွန်လေးများ အရောင်ပြောင်း နီလာပြီဆိုလျှင် အအေး ခံထားသော ထမင်းထည့်ပါ ။
- ပဲငံပြာရည် ၊ ခရုဆီ ၊ ရေအေးစိမ်ပြီး ရေစစ်ထားသော အသီးများ ထည့်မွှေပြီး ကြက်ဥ ထပ်ထည့်ကာ သမအောင် မွှေကြော်ပေးပါ ။
- ခနကြာလျှင် အရသာ အပေါ့အငံ စိတ်ကြိုက်ပြင်ပြီး ငရုတ်ကောင်း ၊ ကြက်သွန်မြိတ်လေး ဖြူးပြီး စားလို့ ရပါပြီရှင်။