ဒီဟင်းလျာလေးကတော့ မိသားစုတွေ တစုတဝေးတည်း လက်ဆုံစားကြမယ့်အခါဖြစ်စေ၊ ဧည့်သည်တွေကို တည်ခင်းဧည့်ခံလိုတဲ့အခါမှာဖြစ်စေ၊ ပွဲရက်တွေမှာဖြစ်စေ ချက်ပြုတ်ဖို့အတွက် အလွန်လိုက်ဖက်ညီပါတယ်။ ကြက်သားကိုပင် အရသာရှိနေတာကို ကောက်ညှင်းထပ်ပေါင်းထည့်လိုက်သည့်အခါမှာတော့ ရနံ့သင်းသင်းလေးနဲ့ အင်မတန်ကို စားချင်စဖွယ် ဖြစ်သွားမှာပါ။
လိုအပ်သော ပစ္စည်း
- ကောက်ညင်းဆန်
- ရှီတာခီမှိုခြောက်
- ပုဇွန်ခြောက်
- ဟင်းခပ်မှုန့်
- ပဲငံပြာရည်အနောက်ရည် – အနည်းငယ် (အရောင်အတွက်)
- မြေပဲ
- ရှောက်ကောမှုန့်
- ဆား
ပြင်လုပ်ပုံ
- ကောက်ညင်းကို ရေစိမ်ပြီး မကျက်တကျက် ပြုတ်ပြီး ရေစစ်ထားပါ။ မှိုခြောက်ကို ရေစိမ်ပြီး ပါးပါး လှီးပါ။ မြေပဲကို ၁၅မိနစ်ခန့် ပြုတ်ပြီး ရေစစ်ထားပါ။
- အားလုံး အသင့် ဖြစ်လျင် ဇလုံတခုတွင် ကြက်သားမှုန့် ၊ အနောက်ရည်၊ ရှောက်ကောမှုန့်၊ ပုဇွန်ခြောက် တို့ကို ထည့်ပြီး နှံ့အောင်နယ်ပါ။ အပေါ့ အငံမြည်းပြီး နှပ်ထားသော ကြက်ထဲတွင် အစာ သွပ်ပါ ။ ကြက်ရဲ့ ဝမ်းဗိုက်ထဲကို ကောက်ညင်း အစာများထည့်ပါ။
- ကြက်၏ တောင်ပံ၊ ရင်အုပ်ထဲကို ကောက်ညင်း အစာများထည့်ပါ။ အစာကို ပြည့်အောင် ကြက်ထဲသို့ မထည့်ပါနှင့်၊ ကောက်ညှင်းကျက်လျင် ပွားလာမည်ဖြစ်၍ နေရာထားပေးပါ။
- ကြက်ကို ပေါင်းမည့် အိုးတွင် ထည့်ပြီး နှစ်နာရီ မှ သုံးနာရီခန့် ကြာမြင့်အောင် ပေါင်းပါ။ ကြက်ကောက်ညင်း ကျက်လျှင် ဆော့စ် အနှစ်ဖျော်ရန် ကြက်ပေါင်းရည်များကို စစ်ပြီး ပန်းကန်တခုဖြင့် ခံထားပါ ။
- ကြက်ကောက်ညင်းကို အေးမှ လိုသလို လှီးဖြတ်ကာ ပန်းကန်တွင် ထည့်ပြီး ဆော့စ်ဖြင့် စားသုံးပါ။