ယာသီးဟင်းခါးဆိုလို့ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး ။ ခြံစည်းရိုးတွင် ပေါက်သော အရွက်များကို ခူးပြီး ဟင်းချိုချက် လျှင် ခြံစည်းရိုး ဟင်းချိုဟု ခေါ်တွင်သည့် အတိုင်း ယာထဲမှာ စိုက်ထားတဲ့ အသီး ၂မျိုး ၃မျိုးကို ဟင်းတအိုးထဲမှာ ပေါင်းချက် လျင် အသီးများဧ။် အမည်များကို တတ်ရျ် မခေါ်တော့ဘဲ ခူးလာတဲ့နေရာကိုဘဲ ဟင်းအမည်တပ်ရျ် ခေါ်လေ့ရှိပါသည် ။ အင်မတန်နုတဲ့ အသီးလေးများကို ခူးရျ် ချက်သည့်အတွက် သဘာဝချိုလေးပါ ။ အရသာမှုန့် ၊ ကြက်သာမှုန့်များ ခပ်စရာ မလိုပါ။
ပါဝင်ပစ္စည်းများ
- ငါးခူကင်
- ပဲလင်းမွေသီး
- ဖရဲသီး
- သပွတ်သီး
- ကြက်သွန်နီ – ၁ဥ
- ကြက်သွန်ဖြူ အသေး – ၁၀မွှာ
- နံနံပင် အမြစ် – အနည်းငယ်
- ဆား – အနည်းငယ်
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- ရေ
ပြုလုပ်နည်း
- ပဲလင်းမွေသီး ၊ ဖရဲသီး ၊ သပွတ်သီး အခွံများကို မနွှာရပါ ။ အပေါ်ရံ အခွံကို ဓါးလေးနဲ့သာ ခြစ်ပေးပါ ။ နုသော ယာသီးလေးများ ဖြစ်ရျ် နူးလွယ်လှပါသည် ။
- ငါးခူကင်ကို အသားနွှင် ၊ နံနံပင် အမြစ်ကို ထု ၊ ကြက်သွန်နီ ၁ ဥ ကို လေးစိတ်စိပ် ၊ ကြက်သွန်ဖြူ အသေး ၁၀မွှာကို ရေထဲ ထည့်ပြီး ရေဆူလာသည်အထိ ပြုတ်ပါ ။ 3. ေ
- ရေဆူလာလျင် တုံးထားသော ပဲလင်းမွေသီး ၊ ဖရဲသီး ၊ သပွတ်သီး တို့ကို ထည့်ရျ် တည်ပါ ။
- ပြီးလျင် အသီးများ နူးကာစတွင် ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူး ၊ အပေါ့အငံ မြည်းရျ် မီးဖိုပေါ် မှချရျ် အဖုံးကို မဖွင့်ဘဲ ၁၅မိနစ်ခန့် ထားပြီသုံးဆောင်နိုင် ပါသည် ။
- *** နုသော ပဲလင်းမွေသီး ၊ ဖရဲသီး ၊ သပွတ်သီး တို့နှင့် ချက်ရျ် အကြာကြီး အသီးများ နူးသည်အထိ တည်ရန် မလိုပါ ။ ဟင်းရည်၏ အပူ အငွေ့နှင့်ပင် ကျက်သွားပါမည် ။ အသီးများ နးူးသည်အထိ မီးဖိုပေါ်တွင် တည်ပါက အသီးများ ပျော့လွန်းသွားပါမည် ။
MyFood Myanmar