ပါဝင်ပစ္စည်းများ
- ငါးပြုတ်သား – ၁၀သား
- ငြုပ်သီးခွဲခြမ်း – စားဇွန်း၃ဇွန်း
- ကြက်သွန်နီ – အရွယ်တော်၁လုံး
- ကြက်သွန်ဖြူ – ၃မွှာ
- မကျီးသီးလက်တဆုတ်
- ဆီ – ထမင်းစားဇွန်း(၄)ဇွန်း
- ငပိ – လိုသလောက်( ကြိုက်နှစ်သက်ရာ ငပိ)
- ဆား – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ပထမ ငြုပ်ခွဲခြမ်း၊ ကြက်နီ၊ ကြက်သွန်ဖြူ ရောထောင်းပြီး ဆီစားဇွန်း ၄ဇွန်းနဲ့ဆီသတ်ပါ။ ပြီးရင် ငါးပြုပ်သားလေး ထည့်လုံးပါ။
- ပြီးရင်ငပိရည်ဖျော်ထည့်ပါ။
- ထပ်ဆူပွက်လာမှ မကျီးနှစ်ထည့်ပြီး ထပ်ဆူပွက်ရင် ရပါပြီ။ မြည်းကြည့် ပြီးမှ ဆားထည့်ပါ။ အရည်အပြစ်အကျဲကတော့ ကြိုက်သလို ထည့်ပါ။
- အညာငပိချက်က ချဉ်စပ်ဆိုတော့ ချဉ်ဖတ်နဲ့မလိုက်ပါ။ အစိမ်းတို့၊ သခွားသီး၊ ခရမ်းကျွတ်သီး၊ မုန်လာဥပြုတ်၊ ဘူးသီးပြုတ်၊ အရွက်ပြုပ်၊ ခရမ်းသီးပြုတ်၊ အပြုတ်တို့စရာများနှင့်ဆို အရမ်းလိုက်ပါတယ်။
Credit: Happy Family Time