ပါဝင်ပစ္စည်း‬များ

  • ငါးပြုတ်သား – ၁၀သား
  • ငြုပ်သီးခွဲခြမ်း – စားဇွန်း၃ဇွန်း
  • ကြက်သွန်နီ – အရွယ်တော်၁လုံး
  • ကြက်သွန်ဖြူ – ၃မွှာ
  • မကျီးသီးလက်တဆုတ်
  • ဆီ – ထမင်းစားဇွန်း(၄)ဇွန်း
  • ငပိ – လိုသလောက်( ကြိုက်နှစ်သက်ရာ ငပိ)
  • ဆား – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမ ငြုပ်ခွဲခြမ်း၊ ကြက်နီ၊ ကြက်သွန်ဖြူ ရောထောင်းပြီး ဆီစားဇွန်း ၄ဇွန်းနဲ့ဆီသတ်ပါ။ ပြီးရင် ငါးပြုပ်သားလေး ထည့်လုံးပါ။
  2. ပြီးရင်ငပိရည်ဖျော်ထည့်ပါ။
  3. ထပ်ဆူပွက်လာမှ မကျီးနှစ်ထည့်ပြီး ထပ်ဆူပွက်ရင် ရပါပြီ။ မြည်းကြည့် ပြီးမှ ဆားထည့်ပါ။ အရည်အပြစ်အကျဲကတော့ ကြိုက်သလို ထည့်ပါ။
  4. အညာငပိချက်က ချဉ်စပ်ဆိုတော့ ချဉ်ဖတ်နဲ့မလိုက်ပါ။ အစိမ်းတို့၊ သခွားသီး၊ ခရမ်းကျွတ်သီး၊ မုန်လာဥပြုတ်၊ ဘူးသီးပြုတ်၊ အရွက်ပြုပ်၊ ခရမ်းသီးပြုတ်၊ အပြုတ်တို့စရာများနှင့်ဆို အရမ်းလိုက်ပါတယ်။

Credit: Happy Family Time