ငါးဟင်းကြိုက်တဲ့သူတွေအနေနဲ့ ဆော်လမွန်ကိုမှ ဗိုက်သားလေးကို ချဉ်ချဉ်လေးချက်စားကြမယ်။ အရည်ဟင်းကျဲကျဲကြီးကိုမကြိုက်ဘူးဆိုသူတွေအတွက် ဆီပြန်လေးဆိုတော့ စားလို့ကောင်းမှာကတော့ ပြောမနေနဲ့တော့နော်။
ပါဝင်ပစ္စည်းများ
- ဆော်လမွန်ငါးဗိုက်သား – 400 g
- ခရမ်းချဉ်သီး – 2 လုံး
- မန်ကျီးသီးမှည့်- 2 ဇွန်းခန် (ထမင်းစားဇွန်း)
- ကြက်သွန်ဖြူ – ၂ မွာ
- ကြက်သွန်နီ – ၂ လုံး
- ဆီ
- ဆား
- နနွင်း
- ငရုတ်သီးအရောင်တင်မှုန့်
- အရသာမှုန့်
- ငရုပ်သီးစိမ်း – ၅ တောင့်
- ရှမ်းနံနံ (သို့) နံနံပင် – ၃ ပင်
ပြင်ဆင်ပြုလုပ်နည်း
- ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို ခွာကာ ရေဆေးပြီး ငရုတ်သီးအရောင်တင်မှုန့် ထည့်ကာ ညှက်အောင်ထောင်းပါ ။
- ဆော်လမွန်ငါးဗိုက်သား ကိုရေဆေးပြီ အတုန်းလေးတွေတုံးကာ ဆား ၊ နနွင်းနယ်ထားပါ ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ ။ မန်ကျီးသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ ။
- ချက်မည့် ဒယ်အိုးထဲသို့ ဆီထမင်းစားဇွန်း (၃) ဇွန်းခန့် ထည့်ပြီး ဆီကျက်လျှင် ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီနှင့် နနွင်းကို ထည့်ကာ ဆီသတ်ပါ ။ ကြက်သွန်နီညိုရောင်သန်းလာလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးနှင့် ဆား ၊ အရသာမှုန့်တို့ကို ထည့်ကာ ခရမ်းချဉ်သီး ကျေအောင်လိပ်ပြီး ဆီပြန်သည်အထိ ချက်ထားပါ ။
- ဆီပြန်လျှင် အတုန်းလေးတွေတုန်းထားသော ဆော်လမွန်ငါးဗိုက်သားကို ထည့်ကာ ၃ မိနစ်ခန့် ငါးမကြေအောင် မွေပြီး မန်ကျဉ်းရည်နှင့် ရေနွေး ၁၀၀ ml ခန့်ထည့်ပြီး အဖုံးအုပ်ကာ ဆီပြန်အောင်ချက်ပြီး ငရုပ်သီးစိမ်း ၊ ရှမ်းနံနံ အုပ်ကာ သုံးဆောင်လို့ ရပါပြီ ။
Credit: Myanmar Foods & Other