အားလုံးပဲ မင်္ဂလာပါ။ ပုစွန်စားသုံးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရသလဲဆိုတာ စာဖတ်သူတို့ သိကြပါသလား။

ပုစွန်ထဲမှာ ဗီတာမင် B12 ဓာတ် ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ အကယ်၍ သင့် ခန္ဓာကိုယ်က ဗီတာမင် B12 ဓာတ်နည်းပါးနေမယ်ဆိုရင်တော့ မောပန်းလွယ်ပြီး ဦးနှောက်ကျန်းမာရေးကိုတောင် ထိခိုက်နိုင်ပါတယ်။

ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ပုစွန်ကို အရသာရှိရှိစားသုံးချင်သူများအတွက် ဒီတစ်ခါမှာတော့ ကြက်ဥ ပုစွန်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၃၀၀ ဂရမ်
  • ကြက်ဥ တစ်လုံး
  • ဂျုံမှုန့် ၅၀ ဂရမ်
  • ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပုစွန်များကို ရေဆေးပြီး အခွံချွတ်ထားလိုက်ပါ။ ကြက်ဥကို မွှေခလောက်ထားပါ။

၂။ ပုစွန်များကို ဂျုံမှုန့်ထဲ ထည့်နယ်ပေးလိုက်ပါ။

၃။ ထိုပုစွန်များကို မွှေခလောက်ထားသော ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။

၄။ ဒယ်အိုးထဲ ဆီထည့်ကာ အပူပေးပြီးနောက် ပုစွန်များ ထည့်ကြော်လိုက်ပါ။

၅။ ပုစွန်များ ရွှေညိုရောင် သမ်းလာပါက ဆီပူထဲက ဆယ်ယူပြီး ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။

မိနစ်အနည်းငယ်ကြာ အအေးခံပြီးတဲ့နောက်မှာတော့ မိမိနှစ်သက်ရာ ဆော့စ်တစ်မျိုးမျိုးဖြင့် အရသာရှိရှိ စားသုံးနိုင်ပါတယ်။

သင့်အနေနဲ့ အနံ့သင်းသင်းလေးမွှေးချင်တယ်ဆိုရင်တော့ ပျဉ်းတော်သိမ်အရွက်လေးများ ထည့်ကြော်ပေးလို့ရပါတယ်။

Source: unileverfoodsolutions.com.ph