အားလုံးပဲမင်္ဂလာပါ။ Seafood Lover အကြိုက်ဂုံးအစပ်ဟင်းလျာလေးကိုအိမ်မှာလည်းလွယ်ကူစွာချက်ပြုတ်နိုင်မယ့် နည်းလေးကိုမျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂုံး ၁ ကီလိုဂရမ်
  • ကြက်သွန်နီအကြီး ၁ လုံး
  • ငရုပ်သီတောင့်အနီ ၆ တောင့်
  • ကြက်သွန်ဖြူ ၁၁ မွှာ
  • ဂျင်း ၆၀ ဂရမ်
  • သကြား ၂ ဇွန်း
  • ကြက်သွန်နီအသေး ၈ လုံး
  • ခရမ်းချဉ်သီးဆော့ ၁၀၀ မီလီလီတာ
  • ခရုဆီ ၈၀ မီလီလီတာ
  • ထန်းလျက် ၈၀ ဂရမ်
  • ရှာလကာရည် ၅၀ မီလီလီတာ
  • ဟင်းသီးဟင်းရွှက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ပထမဆုံးအနေနဲ့ ကြက်သွန်နီဥကြီး အသေး ဂျင်း ငရုပ်သီး တို့ကို ဟင်းသီးဟင်းရွှက်ဆီတစ်ဇွန်းခန့်ထည့်ပြီး Blender ထဲ ရောကြိတ်ပေးရပါမယ်။ကြိတ်နေစဉ်အတွင်းမှာ ဟင်းရွှက်ဆီ နောက်တစ်ဇွန်းခန့်ထည့်ပေးရပါမယ်။ပြီးရင်တော့ဒယ်အိုးကို မီးအနေတော်ဖြင့်အပူပေးပြီး ခုနကကြိတ်ထားတဲ့အနှစ်ကိုထည့်ကာ ၁၅ မိနစ်ခန့်ဆီသက်ပေးရပါမယ်။

(၂) အချိန် ၁၅ မိနစ်ပြည့်ပြီဆိုရင်တော့ ဆီသက်နေတဲ့ဒယ်အိုးထဲကိုပဲ ခရမ်းချဉ်သီးအနှစ် ခရုဆီ သကြား ရှာလကာရည်တို့ ကိုရောထည့်ပြီးမွှေပေးရပါမယ်။ ၅ မိနစ်ခန့်ကောင်းကောင်းမွှေပြီး ချက်ပြီးပြီဆိုရင်တော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

(၃) နောက်တစ်ဆင့်အနေနဲ့ကတော့ နောက်ထပ်ဒယ်အိုးတစ်ခု ကိုမီးဖိုပေါ်တင်ပြီး အပူပေးပါ။ဒယ်အိုးပူလာပြီဆိုရင်ဟင်းရွှက်ဆီး ၂ ဇွန်းခန့်ထည့်ပေးရပါမယ်။ပြီးရင်တော့ ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီကို မထူးမပါးအနေတော်အလွှာလေးတွေလှီးဖြတ်ပြီး ခုနကအပူပေးထားတဲ့ဆီအိုးအတွင် စက္ကန့် ၃၀ ခန့်လောက်ကြော်ပေးရပါမယ်။

(၄) အဲ့ဒီနောက်မှာရေဆေးသန့်စင်ထားတဲ့ ဂုံးကောင်လေးတွေရယ် ခုနကဆီသက်ထားတဲ့ ဟင်းချက်ငရုပ်အနှစ်လေးရယ် ကို ရောထည့်ပြီး သမအောင်မွှေပေးပါ။ခဏနေရင်တော့ ရေလေးအနည်းငယ်ထည့်ပြီး ၃ မိနစ်ခန့်ချက်ထားပေးရပါမယ်။၃ မိနစ်ပြည့်လို့ ဂုံးကောင်အခွံလေးတွေ ဟလာပြီဆိုရင်တော့ အရသာရှိလှတဲ့ဂုံးအစပ်ဟင်းလျာလေးကိုရရှိပြီပဲဖြစ်ပါတယ်။ ပြီးရင်တော့ မီးဖိုပေါ်ကချပြီး နှစ်သက်ရာပန်းကန်တစ်ခုအတွင်းထည့်ကာ နံနံပင်လေးအုပ်ပြီးဟင်းပွဲလေးကိုအလှဆင်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။

Source : Asianfoodnetwork